Make Time: How to Focus on What Matters Every Day
19,500 Ks
🏗လုပ်သလောက် အားမရ၊ ကြိုးစားပြီး မဖြစ်မြောက်တာ ဘာကြောင့်လဲ?
ကျွန်တော်တိုက အလုပ်တွေများပြီး အရမ်းကြိုးစားနေပေမဲ့ နောက်ဆုံးမှာ အားမလိုအားမရ ထင်သလောက်ခရီးမရောက်ဘူးလို ဘာလိုခံစားနေရတာလဲ။ လွန်ခဲ့တဲ့၅နှစ်က မင်းမျှော်မှန်းထားတဲ့ ရည်ရွယ်ချက်တွေကို မရောက်သေးတာမင်းအပြစ်မဟုတ်ဘူး။ ပြဿနာက ကျင့်သုံးနေတဲ့ နည်းလမ်းတွေမှာ လိုအပ်ချက် ရှိနေတာ။
🏋♂️ကြိုးစားနေလျက်နဲ့ ရလဒ်တွေ မပေါ်တာဘာကြောင့်လဲ။ လူတော်တော်များများ မသိတာက အလုပ်လုပ်တာနဲ့ အလုပ်ပြီးမြောက်တာကို ကွဲကွဲပြားပြား သေချာမသိနေတာပဲ။
ဟိုးအရင်ကနည်းလမ်းတွေကိုသုံးနေပြီ လက်ရှိအခြေအနေထက်ပိုပြီးမရောက်နိုင် အလုပ်တွေ ပိုမပြီးနိုင်ဘူးဆိုတာ မင်းလက်ရှိကျင့်သုံးတဲ့နည်းလမ်းတွေမှာ အမှားအယွင်းတွေရှိနေလိုပါ။ ဒီတော့ နည်းလမ်းအသစ်တွေကိုဘယ်လိုရှာမလဲ?
🤩နည်းလမ်းအသစ်တွေသိလေလေ ပိုခရီးရောက်နိုင်လေလေပါပဲ။ဘာနည်းလမ်းလဲဆိုရင် အလုပ်ပိုပြီးစေတဲ့ နည်လမ်းတွေပါ။ GYM မှာ 1နှစ်လောက် ကြိုးစားပြီးဆော့တာ ထင်သလောက်မဖြစ်လာတာ မင်းညံ့လိုမဟုတ်ဘူး။ မင်းကျင့်သုံးတဲ့နည်းလမ်းတွေက မကောင်းလို။
ဒီအချက် 3 ချက်ကို မင်းကျင့်သုံးရင်သူများထက် အမြဲအလုပ် ၅ဆပိုပြီး ပြီးနေပါလိမ့်မယ်။
1.Highlight Your Day
အလုပ်တွေကို နေ့ရွေ့ညရွှေ့လုပ်နေတုန်း¬လား? နောက်ဆုံးမှာ အလုပ်မပြီးလို ကိုယ့် ကိုကိုယ်မကျေနပ်တာ အပြစ်တာ စိတ်မကျေမနပ်ဖစ်တာသဖြင့် ဖြစ်နေတုန်းပဲလား?ဒါဆိုရင် ဒီ ပြဿနာကို ဖြေရှင်းဖိုနေ့တစ်နေ့ကိုမစတင်ခင် ဒီနေ့ရဲ့ အဓိကအလုပ်ကို Highlight တစ်ခုလုပ်ပါ။ အဲ့အလုပ်ပြီးမှ ကျန်တာကိုလုပ်ပါ။ ဒီလိုဆို ညဘက်အိပ်ရာ၀င်ချိန် ငါဒီနေ့အတွတ်ဘာကိုလုပ်ခဲ့တယ် ဆိုတာတွေးပြီး စိတ်ချလက်ချအိပ်ရုံပါပဲ။
2.Gratitude Yourself
ညဘက်အိပ်လိုအိပ်ရာပေါ်ရောက်ရင် ငါဒီနေ့ လုပ်ခဲ့တာတွေထဲက ကျေနပ်ဖိုအကောင်းဆုံး တစ်ခု က ဘာလဲလိုတွေးပါ။ ပြီးရင် ကိုယ့်ဟာကိုယ် Gratitude ပြန်လုပ်ပါ။ ဘာလိုဆို Gratitude လုပ်ခြင်းက မင်းက မင်းဘ၀ကို အဓိပ္ပာ ယ်ရှိရှိဖြတ်သန်းနေတယ်ဆိုတာကို ကိုယ့်ကိုယ့်ကိုယ့် ပြန်သတိပေးနေသလို ဖြစ်စေလိုပါ။
3.Block the Distractions
လူတွေက အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြပေမဲ့ အလုပ်လုပ်နေချိန်မှာ အခက်အခဲတွေ တွေ့လို လက်လျှော့သွားတာ ထင်သလောက် အလုပ်မပြီးတာတွေက အမြဲဖြစ်စမြဲပါ။ အနှောက့်အယှက်တွေကြောင့် ကျနော်တို ပုံမှန်ထက်အလုပ်မပြီးကြတာပါ။ဒီပြဿနာကို သင် အခုပြောမဲ့ Techniques လေးနဲ့ ဖြေရှင်းနိုင်လိုရပါတယ်။
အလုပ်မလုပ်ခင်အချိန်တွင်း အလုပ်လုပ်နေချိန် ဘာတွေကို လုံး၀မလုပ်ဘူးဆိုတာ စာနဲ့ရေးထားပါ။ ဒီမှာ ဂရုစိုက်ကမှာ 2 မျိုးရှိပါတယ်။
“External and Internal Distractions” ပါ။
-External အနေနဲ့ ကိုယ်က Facebookမသုံးဘူး Game မဆော့ဘူး စဖြင့်ရေးလိုရပါတယ်။ ပိုဂရုပြုရမှာက “Internal” ပါ။
-Internal အနေနဲ့ ဘာအကြောင်းကိုတော့မတွေးဘူး ဥပမာ-အပြင်သွားမဲ့အကြောင်းအရာကိုမတွေးဘူး, တခြားသူအကြောင်းမတွေးဘူး ဆိုတာမျိုးတွေ ကြိုသတ်မှတ်ထားပါ။
ဒီ 3 ခုကို ကိုယ့်နေ့တစ်နေ့ကို စတင်ချိန်မနက်ခင်းမှာ ကိုယ့်ရဲ့တနေ့တာ “Might-Do List” ထဲထည့်ထားပါ။ “Might-Do List” ဆိုတာက To-do-listလို တစ်နေ့တာလုပ်ရမှာတွေကို ထည့်ရတာမဟုတ်ပါဘူး။ တနေ့တာမှာမဖြစ်မနေ မပြီးရင်မနားဘူးဆိုတဲ့ အလုပ်ကိုပဲထည့်ရတာပါ။ Make time မှာ ဒီလို နည်းလမ်းပေါင်း Dozen နဲ့ချီပြီးပါပါတယ် အခုပြောတဲ့ 3 ခု နဲ့တင်သင်က သူများထက် အလုပ် 5 ဆလောက်ပိုပြီးနေပါပြီ။
“အလုပ်နဲနဲလုပ်ပြီး များများ ပြီးနိုင်ကြပါစေ ခင်မျာ။”







Reviews
There are no reviews yet.