Hyperfocus: How to Work Less to Achieve More

21,500 Ks

သင့်ခေါင်းထဲကအတွေးမုန်တိုင်းတွေကို ဘယ်လိုကျော်ဖြတ်အနိုင်ယူရမလဲ?🤯🤯

☝️လက်တွေ့တစ်ခုနဲ့စလိုက်ရအောင်။ ခေါင်းထဲမှာအတွေးဆယ်မျိုးလောက်နဲ့ ဖုန်းပွတ်နေတဲ့အချိန်မှာ ဒီစာကိုမြင်ပြီး See More ကိုနှိပ်ရမလား၊ ဆက်ပြီး Doomscrolling လုပ်ရမလားဆိုပြီးသင်တွေးနေတယ်။သေချာတာတစ်ခုကတော့ ခင်ဗျားသက်တောင့်သက်သာဖြစ်မနေပဲ စိတ်ထဲမှာအတွေးပေါင်းသောင်းခြောက်ထောင်နဲ့ဗျာများနေတာပါ။
ဒါက ပုံမှန်ပါပဲ။ Chris Bailey ရဲ့ Hyper Focus ကအခုလို စိတ်မုန်တိုင်းတွေကြားထဲက လေပြေသွေးကိုစောင့်မျှော်နေသူ သင့်အတွက်ရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

✅Hyperfocus ဟာ နောက်ထပ် Productivity Hack တစ်ခုထက်စာရင် Action Plan အတွက်ဦးတည်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စိတ်ပျံ့လွင့်မှုကနေရုန်းထွက်ပြီး သင့်ဘ၀အတွက်အရေးအကြီးဆုံးဖြစ်တဲ့ အသိ၊သတိ ကိုရရှိစေဖိုအတွက် အသေးစိတ်အချက်အလက်တွေနဲ့ ရှင်းပြထားပါတယ်။

“Setting specific intentions can double or triple your odds of success.”
“တိကျတဲ့ရည်ရွယ်ချက်တွေဟာ အောင်မြင်နိုင်ချေကို နှစ်ဆ၊သုံးဆလောက်တိုးတက်သွားစေတယ်” ဆိုပြီး Chris Bailey ကပြောထားပါတယ်
-ဟိုဟာလုပ်ရမလား ဒီဟာလုပ်ရမလားဆိုပြီး ခေါင်းထဲမှာ ဘယ်ညာလွန်ဆွဲနေတဲ့အတွေးတွေမရှိပဲအလုပ်တွေပြီးမြောက်နိုင်ရင်
-အနှောင့်အယှက်တွေကြားကလွတ်မြောက်ပြီး လွတ်လပ်တဲ့တီထွင်မှုကိုအချိန်မရွေးဖန်တီးနိုင်မယ်ဆိုရင်
-အလုပ်၊မိသားစုနဲ့ မိတ်ဆွေတွေကြားမှာ Work/Life balance ဖြစ်အောင်နေနိုင်မယ်ဆိုရင်
သင့်ဘ၀ဟာ ဘယ်လောက်နေချင်စရာကောင်းလိုက်လိမ့်မလဲဆိုတာကို တွေးကြည့်ပါ။

🕒✨Hyper Focus and Scatter Focus
-အလုပ်တစ်ခုကို မီးမောင်းထိုးပြထားသလို အာရုံစိုက်ပြီး အနှောင့်အယှက်တွေမရှိအောင်လုပ်နိုင်ဖိုအတွက် – Hyper Focus
-အကြံသစ် ဉာဏ်သစ်နဲ့ သူမတူတဲ့တီထွင်ဖန်တီးမှူတွေလုပ်ဖိုအတွက် – Scatter Focus

သင့်စိတ်ကိုပြဇာတ်ရုံတစ်ခုလိုမြင်လိုက်ရင် စင်ပေါ်မှာရှိတဲ့အရာအားလုံးကိုမြင်ရဖိုအတွက်ထိုးထားတဲ့မီးလုံးတွေဟာ Scattter Focus ဖြစ်ပြီးတော့ သရုပ်ဆောင်တွေကိုထိုးပြနေတဲ့ဆလိုက်မီးဟာ Hyper Focus နဲ့တူပါတယ်။

🕒Hyper Focus – အလုပ်ကိုအာရုံစိုက်တဲ့ Framework
1.အာရုံစိုက်မဲ့အရာနဲ့ အချိန်ကိုရွေးချယ်ပါ။ (အရေးကြီးတဲ့ဘယ်အရာကိုအချိန်ဘယ်လောက် အာရုံစိုက်မှာလဲ)
2.အနှောင့်အယှက်ဖြစ်နိုင်မယ့်အရာတွေကိုဖယ်ထုတ်ပါ။(ဖုန်းကို Noti Off ထားပါ၊ အလုပ်လုပ်တဲ့နေရာကမလိုအပ်တာတွေအကုန်ဖယ်ထုတ်ပါ)
3.အာရုံစိုက်မှုကိုစီမံခန့်ခွဲပါ။ (ဖြည်းဖြည်းချင်း Flow State ထဲကိုစီးမျောဝင်ရောက်ပါ။ အရမ်းတွေးတာတွေ၊ Multitasking တွေမလုပ်ပါနဲ့)
4.အာရုံကိုပြန်ပြန်ဖမ်းပါ။(စိတ်ပျံ့လွင့်မှုဖြစ်ပေါ်တာသတိထားမိရင် မိမိရဲ့ Goal ဆီကိုအာရုံပြန်ပြောင်းပါ)
5.အာရုံစူးစိုက်တဲ့အချိန်ပြည့်ပြီးရင် ပြန်လည်ဆန်းစစ်ပါ။(မိမိအတွက်အသုံးဝင်တဲ့အရာအလုပ်ဖြစ်တဲ့အရာတွေကိုဆန်းစစ်ပြီး နောက်Session တွေတိုးတက်မှုကိုတည်ဆောက်ပါ။

✨Scatter Focus – တီထွင်မှု၊ အကြံအစည်ကောင်းတွေအတွက် Framework
1.အကြံဉာဏ်အသစ်တွေအတွက် Scatter focus လုပ်ဖို အခြေအနေ ကိုရှာဖွေပါ (အလုပ်/Personal Life က အခက်အခဲတစ်ခု)
2.စိတ်ကူးယဉ်၊ ဉာဏ်ကွန့်မြူးလိုရတဲ့နေရာ/အလုပ်ကို ဖန်တီးပါ။ ( ကျွန်တော့်အတွက်က Outdoor ထိုင်လိုရတဲ့ကော်ဖီဆိုင် )
3.မလိုအပ်တဲ့အရာ၊ အာရုံအရမ်းစိုက်ရမယ့်အရာတွေကို မလုပ်ပါနဲ့ (ဖုန်းကြည့်တာ၊ ဂိမ်းဆော့တာစသည်ဖြင့်)
4.ရိုးရှင်းတဲ့အတွေးကိုထပ်ခါထပ်ခါတွေးပြီး စိတ်ကူးယဉ်ပါ။ (ဥပမာ ပြသနာကိုအစကနေမတွေးပဲ ဖြေရှင်းပြီးသွားတဲ့နေရာကနေစပြီးတွေးတာမျိုး)
5.ပေါ်လာတဲ့အတွေးတွေကိုမှတ်သားဖိုအတွက် Notebook လိုမျိုးတစ်ခုခုဆောင်ထားပါ။
6.Scatter Focus Session တွေကိုခဏခဏလုပ်ပေးပါ (Stress လျော့စေပြီး အတွေးသစ်တွေအများကြီးရတတ်ပါတယ်)

ဒီနှစ်ခုဟာ အာရုံစိုက်တာနဲ့ အာရုံများတာ နှစ်ခုကြားကယှဉ်ပြိုင်မှုမဟုတ်ပါဘူး။ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးလိုက်လျောညီထွေစွာ သင့်ဦးနှောက်ကိုအသုံးချနိုင်အောင်ကူညီပေးတဲ့ အရာနှစ်ခုပါ။

သင်ဟာ
-အချိန်နဲ့ လုပ်အားကိုမျှတပြီး Work Life Balance ဖြစ်အောင်ပြုလုပ်ချင်ရင်
-အာရုံစူးစိုက်မှုနဲ့ တီထွင်နိုင်မှု နှစ်ခုကို အတူတူကိုင်ဆောင်နိုင်တဲ့အရည်အချင်းကိုလိုချင်ရင်
-အဓိပ္ပါယ်ရှိတဲ့ အလေ့အကျင့်တွေနဲ့ စနစ်တကျတိုးတက်မှုကိုတည်ဆောက်ဖိုရည်ရွယ်ချက်ရှိနေတယ်ဆိုရင် Hyper Focus ကသင့်အတွက် လမ်းညွှန်တစ်ခုဖြစ်စေမှာပါ။

📝စာရေးသူရဲ့ လက်တွေ့နည်းစနစ်တွေဟာ စာဖတ်ရုံတင်မက သင့်ရဲ့ အတွေးတွေကို အနာဂတ်အတွက် အကျိုးရှိမယ့်ရင်းနှီးမြုပ်နှံမှုပြောင်းလဲပေးပါလိမ့်မယ်။
အာရုံစူးစိုက်မှုဟာ ရှုပ်ထွေးတဲ့အရာမဟုတ်ပါဘူး။ ဒီစာအုပ်ကလေးနဲ့အတူ ကောင်းမွန်တဲ့အလေ့အထတွေကိုတည်ဆောက်နိုင်မယ်ဆိုရင် သင်လိုချင်တဲ့ပျော်ရွှင်ပြည့်စုံတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်မှာပါ။

📈သင့်ဘ၀တိုးတက်မှုအတွက် အာရုံစူးစိုက်ဖိုအသင့်ဖြစ်ပြီလား?
🏁အခုပဲစလိုက်ကြရအောင်

Reviews

There are no reviews yet.

Be the first to review “Hyperfocus: How to Work Less to Achieve More”

Your email address will not be published. Required fields are marked *

Cart

Your Cart is Empty

Back To Shop