Same As Ever

21,500 Ks

ဘယ်တော့မှမပြောင်းလဲတဲ့အရာတွေရဲ့အကြောင်း – Same As Ever by Morgan Housel📚

ကျွန်တော်တိုအမြဲရှာဖွေနေတဲ့အရာတွေဟာ တကယ်တော့ကျွန်တော်တိုရင်ထဲမှာအမြဲရှိနေပြီးသားအရာတွေဖြစ်တတ်ကြပါတယ်။ ရေဒီယို📻၊ တယ်လီဖုန်း📞၊ အင်တာနက်🌐၊ AI🤖 စသည်ဖြင့် ကမ္ဘာကြီးကအဆင့်ဆင့်တိုးတက်ပြောင်းလဲသွားပေမယ့် လူဆိုတဲ့သဘောသဘာ၀ကမပြောင်းလဲပဲတည်ရှိနေပါတယ်။

ဒီလိုမပြောင်းလဲတဲ့အရာတွေကိုနားလည်မှုက သင့်ဘ၀၊ အနာဂတ်နဲ့ ငွေကြေးစီမံခန့်ခွဲမှုကိုအကျိုးပြုတဲ့ဆုံးဖြတ်ချက်ချစေနိုင်တဲ့အကြောင်းကိုကို Morgan Houselက Same As Ever ထဲက ၀ထ္ထုတို 23 ပုဒ်နဲ့ရှင်းပြထားပါတယ်။
အကုန်လုံးကိုရှင်းပြဖို စာအရမ်းရှည်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်အကြိုက်ဆုံးလေးတွေကိုပဲရွေးထုတ်ထားပါတယ်။

1.လူတွေရဲ့ ခန့်မှန်းလိုရတဲ့ ပေါက်တတ်ကရတုံပြန်မှုတွေ🎭
အခက်အခဲတစ်ခုဖြစ်လာရင် လူတွေဘယ်လိုတုံပြန်မလဲဆိုတာကိုရုတ်တရက်တွေးကြည့်ရင်ခန့်မှန်းရခက်သလိုထင်ရပေမယ့် တကယ်တမ်းက ဒီတုံပြန်မှုတွေက စိတ်ခံစားချက်ပေါ်မူတည်ပြီး တူညီတဲ့အရာတွေ ဖြစ်တတ်ကြပါတယ်။ ဥပမာအားဖြင့်
-🤑စျေးကွက်တစ်ခုအခြေအနေကောင်းလာပြီဆိုရင် လောဘနောက်လိုက်ပြီးမဆင်မခြင်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာတွေ
-😨လုပ်ငန်းအခြေအနေမကောင်းရင် စိုးရိမ်စိတ်တွေလွန်ပြီး ပေါက်တတ်ကရတွေလျှောက်လုပ်တာ
-😱မသေချာမှုနဲ့တွေ့ကြုံတဲ့အခါ မစဉ်းစားပဲ တခြားသူတွေလုပ်သလိုလိုက်လုပ်တာ တွေဖြစ်တတ်ပါတယ်
📉2008 စီးပွားပျက်ကပ် ,🧻 2020 COVID Toilet Paper Shortage တွေဟာ ဒီပေါက်တတ်ကရတုံပြန်မှုရဲ့ အထင်ရှားဆုံးသာဓကတွေပါ။ ဒီတုန့်ပြန်မှုတွေဟာ ရုတ်တရက်ဖြစ်တဲ့ အခြေအနေတစ်ခုကြောင့်လို ထင်ရပေမယ့် တကယ်တော့ လူတွေရဲ့ အမူအကျင့်တွေထဲမှာ နက်ရှိင်းစွာအမြစ်တွယ်နေတဲ့အရာတွေဖြစ်ကြပါတယ်။ ဒီလို Pattern တွေကိုနားလည်ပြီး ကြိုတင်ခန့်မှန်းနိင်မှုဟာ စိတ်ဝင်စားဖိုကောင်းရုံသာမက အသုံးဝင်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖိုအရေးကြီးတဲ့ အထောက်အကူဖြစ်စေမှာပါ။

2.တိုးတက်မှုရဲ့ သဘောတရား (Paradox of Progress)🔄
စာရေးဆရာက တိုးတက်မှု (progress) ဆိုတဲ့အရာတောင် သူ့ရဲ့ကိုယ်ပိုင်မပြောင်းလဲတဲ့သဘောတရားရှိတယ်လိုရှင်းချက်ထုတ်ထားပါတယ်။
တိုးတက်ပြောင်းလဲမှုတိုင်းဟာ
💉Invention and Adoption: စမ်းသပ်တီထွင်ခြင်းနဲ့ လက်တွေ့သုံးစွဲခြင်း
⚠️Unintended Consequences:မထင်မှတ်ထားတဲ့ရလဒ်တွေထွက်ပေါ်လာခြင်း
🤝Adaptation: သာတူညီမျှဖြစ်တဲ့ ဖြေရှင်းချက်တွေနဲ့အတူနေထိုင်ခြင်းဆိုတဲ့ အဆင့်သုံးဆင့်နဲ့ အမြဲမပြောင်းလဲပဲတည်ရှိနေတယ်လိုပြောထားပါတယ်။
ဥပမာ လူတွေဟာ Social Animal တွေဖြစ်တဲ့အတွက်ကြောင့် အပေါင်းအသင်းဆန့်ဖို မိတ်ဆွေတွေပေါများဖိုဆိုတဲ့ရည်ရွယ်ချက်နဲ့ Social Media တွေပေါ်ပေါက်လာတယ်။ လက်တွေ့သုံးကြည့်ကြရင်းနဲ့ ခြေလွန်လက်လွန်တွေသုံးမိကြတဲ့အချိန်မှာ Personal လွတ်လပ်မှုဆုံးရှုးတာတို ADHD တို စိတ်ဓာတ်ကျရောဂါတိုအဖြစ်များတာတိုဖြစ်လာတယ်။ အခုအချိန်မှာ Dopamine Detox နည်းတွေ Focus Application တွေနဲ့အတူ သာတူညီမျှဖြစ်တဲ့ဖြေရှင်းချက်တွေနဲ့အတူ ကျွန်တော်တို လိုက်လျောညီထွေစွာနေထိုင်နေကြပါပြီ။
💡“Progress is not about avoiding problems—it’s about solving the same problems in better ways.”
“တိုးတက်မှုဆိုတာ ပြသနာတွေကိုရှောင်လွှတာမဟုတ်ပဲ နဲ့တူညီတဲ့ပြသနာတွေကို ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းချက်တွေထုတ်တာဖြစ်တယ်” ဆိုတဲ့ Morgan Housel ရဲ့ အမြင်ဟာကျွန်တာ်တိုလူတွေရဲ့ ပြသနာတွေကိုအဖြေထုတ်နေသရွေ့ ဒီ မပြောင်းလဲတဲ့သဘောတရားဟာ ထပ်ဆင့်ဖြစ်တည်နေဦးမယ်ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

3.ဆင့်ကဲတိုးပွားမှုရဲ့ နိယာမ ( The Principle of Compound Effect )📈
ကောင်းတဲ့အရာပဲဖြစ်စေ၊ မကောင်းတဲ့အရာပဲဖြစ်စေ လူတစ်ယောက်နေ့စဉ်ပြုလုပ်တဲ့အရာတွေဟာအချိန်တစ်ခုကြာလာတာနဲ့အမျှ သူကိုယ်တိုင်သာမက ပတ်ဝန်းကျင်မှာပါ သိသာထင်ရှားစေတဲ့ Compund Effect ဟာအခုအချိန်ထိမပြောင်းလဲတဲ့ နိယာမတစ်ခုဖြစ်ပါတယ်။ Compound Effect ဟာငွေကြေးစီမံခန့်ခွဲမှု💰သာမက လူမှုဆက်ဆံခြင်း🧑‍🤝‍🧑၊ အသိပညာရှာဖွေခြင်း🧠နဲ့ အလေ့အကျင့်တည်ဆောက်ခြင်း💪 တိုမှာပါ အစဉ်အမြဲအသုံးပြုနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ဥပမာ
📖တစ်ရက်ကို စာဆယ်မျက်နှာလောက်ဖတ်တာဟာ ဘာမှအရေးမကြီးဘူးလိုခံစားရလိမ့်မယ်။နေ့တိုင်းဖတ်ရင် တစ်နှစ်ကြာတဲ့အချိန်မှာသင် စာအုပ် 10 အုပ် 15အုပ်လောက်ဖတ်ပြီးနေပြီ။ဒါက သင်လေ့လာတဲ့အရာရဲ့အမြင်ကိုလေးလေးနက်နက်ပြောင်းလဲဖိုအတွက်လုံလောက်တယ်။
🏋️တစ်ရက်ကို ဆယ့်ငါးမိနစ်လောက်လေ့ကျင့်ခန်းလုပ်ခြင်းဟာဘာမှမသိသာပေမယ့် သင့်စိတ်နဲ့ခန္ဒာကျန်းမာရေးဟာ အချိန်နှင့်အမျှပိုမိုကောင်းမွန်လာလိမ့်မယ်
🍺တစ်ရက်ကိုဘီယာတစ်ခွက်ပဲပုံမှန်သောက်ရင် အချိန်တစ်ခုရလာတာနဲ့အမျှ ဘီယာဗိုက်တစ်လုံးရလာ ပြီးလေးလံထိုင်းမှိင်းလာလိမ့်မယ်။

ဒီလိုသေးငယ်တဲ့အကျင့်တွေဟာ လုပ်လိုလုပ်မှန်းတောင်မသိသာပေမယ့် အချိန်တစ်ခုကြာလာတာနဲ့ အမျှ မပြောင်းလဲတဲ့နိယာမအတိုင်း Compound Effect ရဲ့အကျိုးတရားကိုခံစားရမှာပါ။ ငါဒါလေးတစ်ကြိမ်လုပ်တာမသိသာဘူးလိုခံစားရပေမယ့်ဒီလိုတစ်ကြိမ်ပေါင်းမြောက်များစွာပြုမူနေတဲ့အမူအကျင့်တွေဟာ သင့်ရဲ့ အနာဂတ်ကိုဆုံးဖြတ်နေတယ်ဆိုတာသတိပြုပါ။

-Psychology Of Money ကိုဖတ်ပြီးကြိုက်နှစ်သက်သူတွေ
-လူတွေရဲ့ Behavior, Decision Making နဲ့ Thinking Pattern တွေကိုသဘောပေါက်ချင်သူတွေ
-အနာဂတ်မှာကြုံတွေ့ရမယ့်အရာတွေအတွက်ကြိုတင်ပြင်ဆင်ထားချင်သူတွေဒီစာအုပ်ကလေးကို ဆောင်ထားသင့်ပါတယ်

🌍အမြဲပြောင်းလဲနေတယ်လိုမြင်ရတဲ့ ဒီကမ္ဘာကြီးမှာ ပြောင်းလဲမှုမရှိပဲထပ်ဖန်တလဲလဲပြန်လည်ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို မတူညီတဲ့အမြင်သစ်တစ်ခုနဲ့ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ အတွေးအမြင်သစ်တစ်ခုရအောင် ဒီစာအုပ်ကလေးက ကူညီပေးပါတယ်။ အာရုံလွှဖိုကြိုးစားနေတဲ့ အကြောင်းအရာတွေ၊ အရေးမကြီးတဲ့ သဘောသဘာ၀တွေကိုကျော်လွှားပြီး အတွေးသစ်နဲ့အတူအနာဂတ်မှာကြုံတွေ့ရမယ့်ဖြစ်စဉ်တွေအတွက်ကြိုတင်ပြင်ဆင်ထားဖိုအကောင်းဆုံးစာအုပ်တစ်အုပ်ပါ။

📕Book Title- Same as Ever: A Guide to What Never Changes
✒️Author – Morgan Housel
💵Price- 21,500 MMK (Premium++ Quality, Hardcover, Creamy Paper)

Reviews

There are no reviews yet.

Be the first to review “Same As Ever”

Your email address will not be published. Required fields are marked *

Cart

Your Cart is Empty

Back To Shop