Category: Productivity
Showing 1–16 of 28 results
-
Add to cart
အစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်ဖို့ 7 Habits of Highly Effective People စာအုပ်ထဲက အလေ့အကျင့် ၇ခု
1️⃣ ကြိုတင်ပြင်ဆင်မှုအမြဲရှိပါ
ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အရာတွေအားလုံးအတွက်ကို အဆင်သင့်ဖြစ်အောင်အမြဲကြိုးစားပါ၊ ကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေကို တွေးပူနေမဲ့အစား ဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတာကို စဉ်းစားထားပါ။2️⃣ အလုပ်စလုပ်ကတည်းကနောက်ဆုံးအထိတွေးပါ
ကိုယ်လိုချင်တဲ့အရာကဘာလဲ ? အဲ့ဒါကိုရဖို့ဘယ်လောက်ထိအလုပ်လုပ်မလဲ ? ဘယ်အရာကကိုယ့်ကိုအောင်မြင်ပြီလို့သတ်မှတ်မလဲ ? ကိုယ်ဖြစ်ချင်တာကဘာလဲ ? စတဲ့အရာတွေကို အလုပ်တစ်ခုစလုပ်ကတည်းကအရင်ဆုံးတွေးပါ။3️⃣ အရေးပါတဲ့အရာတွေကိုပထမဆုံးနေရာမှာထားပါ
အရေးပါတဲ့အရာနဲ့ ချက်ချင်းလုပ်ရမဲ့အရာ ( Important Vs Urgent ) ဟာမတူပါဘူး။ အရေးပါတဲ့အရာတွေခေါင်းထဲမှာရှိနေရက်နဲ့ အခြေအနေနဲ့အချိန်အခါကြောင့် ချက်ချင်းလုပ်ရမဲ့အရာတွေကို ရုတ်တရက်ဦးစားပေးမိသွားတတ်ပါတယ်။ Urgent ဖြစ်တဲ့အရာတိုင်းကို အမြဲချက်ချင်းတုံ့ပြန်ခြင်းဟာ ကျွန်တော်တို့တကယ်သွားရမဲ့ ပန်းတိုင်ကိုနှောင့်နှေးသွားစေတတ်ပါတယ်။4️⃣ နှစ်ဘက်လုံး အနိုင်ရစေမယ့်အတွေးတွေကိုတွေးပါ
သူငယ်ချင်း မိတ်ဆွေတွေနဲ့ဖြစ်စေ ၊ မိသားစုနဲ့ဖြစ်စေ ၊ စီးပွားရေးမိတ်ဖက်တွေနဲ့ဖြစ်စေ နှစ်ဦးနှစ်ဖက်လုံး အမြဲအဆင်ပြေစေမယ့်နည်းလမ်းတွေကိုတွေးပါ။
အတူတကွအကျိုးဖြစ်ထွန်းစေခြင်းဟာ ရေရှည်အကျိုးတည်တံ့မှုနဲ့တိုက်ရိုက်အချိုးကျပြီး ခင်မင်တဲ့အပေါင်းအသင်း Network ပိုမိုတိုးပွားလာပါလိမ့်မယ်။5️⃣ နားထောင်ဖို့အရင်ကြိုးစားပါ ပြီးမှနားလည်ဖို့လုပ်ပါ
သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်က အခက်အခဲတစ်ခုကိုရင်ဖွင့်တာကြုံတိုင်းကျွန်တော်တို့ပထမဆုံးလုပ်တာက အကြံပေးဖို့ပါပဲ။ တကယ်လုပ်သင့်တာက အရင်နားထောင်ပါ၊ ပြီးရင်သူ့အခက်အခဲကိုနားလည်ဖို့ကြိုးစားပါ။ လူအများစုကအကြံဉာဏ်တွေထက် သူတို့ရဲ့ပြသနာကိုနားလည်သဘောပေါက်အောင် သေသေချာချာနားထောင်ခြင်းကိုပိုလိုလားပါတယ်။6️⃣ ပူးပေါင်းဆောင်ရွက်ပါ
ဦးနှောက်နှစ်ခု ဟာဦးနှောက်တစ်ခုထက်အမြဲပိုကောင်းပါတယ်။ ကိုယ်နဲ့ရင်းနှိးတဲ့မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အရာတွေကိုအမြဲစဉ်းစားပြီးတိုင်ပင်ပါ။ တစ်ယောက်အားနှင့်ရွေ့သော်မရ တစ်သောင်းအားနှင့်ရွေ့သော်ရသည် ဆိုတဲ့စကားပုံရှိတယ်မဟုတ်လား။7️⃣ အသိပညာဓားသွားကို ထက်နေအောင်အမြဲသွေးပါ
လောကကြီးက အမြဲတိုးတက်ပြောင်းလဲနေသလို အသိပညာတွေကလည်းစဉ်ဆက်မပြတ်အမြဲတိုးတက်နေပါတယ်။ကိုယ်သိသလောက်နဲ့ဘယ်တော့မှမရပ်လိုက်ပါနဲ့။ မိမိရဲ့ စိတ်၊ခန္တာ၊ခံစားချက်တွေကို တိုးတက်ပြောင်းလဲစေနိုင်မယ့် အရာတွေကိုအဆက်မပြတ်လေ့လာသင်ယူပါ။ -
Read more
❌ ရည်မှန်းချက်တွေ မချမှတ်ပါနဲ့။
🧘🏼♂️ ဝိတ်ချလိုမရဘူးလား၊ ဆေးလိပ်ဖြတ်လိုမလွယ်ဘူးလား၊ အိပ်ရာ စောစောထဖို့ခက်နေတာလား၊ စိတ်ပင်ပန်းမှုတွေကို မလျော့ချနိုင်ဘူးလား စသဖြင့် ဆန္ဒ နဲ့ထိန်းချုပ်မှု နှစ်ခုက ကျွန်တော်တိုအတွေးထဲမှာ နေရာယူထားပါတယ်။ ကျွန်တော်တိုက ဝိတ်ချဖို၊ ဆေးလိပ်ဖြတ်ဖို၊ စောစော အိပ်ရာ ထဖို အကုန် လုပ်က်ိင်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် မလုပ်ကြပါဘူး။
ကျွန်တော်တိုကို နေ့တိုင်း လုပ်မြဲ လုပ်စဉ်တွေကို ဆက်လုပ်နေအောင်၊ ဆေးလ်ိပ် ဆက်သောက်အောင်၊ အစားတွေ ပိုစားအောင်၊ အိပ်ကောင်းလို ဆက်အိပ်အောင် ခ်ိင်းစေတာတွေကတော့ ကျွန်တော်တိုရဲ့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။
💠 Atom ဆိုတာက အရာရာတိုင်းရဲ့အစပါပဲ။ Atom အကုန် ပေါင်းစပ်နိုင်မှသာ Molecules တွေ ရန်ိင်မှာပဲ ဖြစ်ပါတယ်။ Molecules တွေကို သာ အာရုံစိုက်ကြပြီး Atom တွေရဲ့အရေးပါပုံကို မေ့လျော့နေကြပါတယ်။ စာအုပ်ထဲမှာလည်း လူတွေက အောင်မြင်ဖိုသာ တစ်ချိန်လုံး စဉ်းစားနေကြပြီး အောင်မြင်ဖိုအတွက် လိုအပ်တဲ့ အလေ့အကျင့်တွေကို ဖန်တီးတည်ဆောက်ပုံ နည်းလမ်းတွေကို မေ့လျော့နေကြတဲ့ အတွက် သေချာ ရှင်းပြပေးထားပါတယ်။
📖 စာအုပ်ထဲမှာ အလေ့အကျင့်တွေရဲ့အစိတ်အပိုင်းတွေကို တစ်ခုချင်းဆီ ခွဲခြမ်း လေ့လာထားမှာ တွေ့ရမှာပဲ ဖြစ်ပါတယ်။
▪️ Forget About Goals, Concentrate on the System
🎯 စာအုပ်ထဲမှာ Goals ဆိုတာကတော့ ကျွန်တော်တိုဖြစ်ချင်တဲ့ ရလာဒ်တွေပေါ့၊ Systems တွေကတော့ ကျွန်တော်တိုဖြစ်ချင်တဲ့ ရလာဒ်တွေကို ရောက်အောင် လုပ်ပေးနိုင်တဲ့ လမ်းစဉ်တွေ။ System တွေက တကယ် အလုပ်လုပ်ရမယ့်အရာတွေ။ ကျွန်တော်တိုမှားယွင်းကြတာက ကျွန်တော်တိုက ကိုယ့်လိုချင်တဲ့ ရလာဒ်တွေကိုပဲ ကြည့်ပြီး လုပ်သင့်တာတွေကို မေ့နေကြတယ်။ နောက်နေ့မှ ပြန်လုပ်တော့မယ်ဆိုပြီး တကယ် အရေးကြီးတဲ့ သေးသေးလေးတွေကို မေ့လျော့ နေကြတယ်။👣 နိုင်တဲ့ သူ၊ ရှုးတဲ့သူ နှစ်ယောက်စလုံးမှာ တူညီတဲ့ ရည်မှန်းချက်တွေ ရှိကြတယ်။ အိုလံပစ် အားကစား သမားတိုင်း ရွှေတံဆိပ် ဆု ရချင်ကြတယ်။ Entrepreneur တိုင်း အောင်မြင်ချင်ကြတယ်။ ဒီလိုနဲ့ပဲ တူညီတဲ့ ရည်မှန်းချက်တွေ ရှိနေတဲ့ အခါမှာ System ပိုကောင်းတဲ့ သူကပဲ အန်ိင်ရကြတယ်။ ဒါပေမယ့် ကျွန်တော်တိုက ရည်မှန်းချက် အသေးလေးတွေတော့ အောင်မြင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တိုရဲ့ System ကို မပြောင်းလဲနိုင်ဘူးဆိုရင်တော့ ကျွန်တော်တိုအရင် အခြေအနေတစ်ခုကိုပဲ ပြန်ရောက်သွားကြတယ်။ ပြီးတော့ ကျွန်တော်တိုရည်မှန်းချက် ပန်းတ်ိင်က ကျွန်တော်တိုကို စိတ်ညစ်စေတယ်။ ဒီရည်မှန်းချက် ပန်းတ်ိင်တစ်ခု ကို ရောက်တဲ့ အခါ ကျွန်တော်တိုပျော်မယ်လိုထင်တယ်။ အစပိုင်းမှာ အလုပ်သေးသေးလေးတွေမှာ အောင်မြင်တော့ ပျော်ကြတယ်။ ဒါပေမယ့် အချိန်တစ်ခု ရောက်လာတဲ့ အခါ System တစ်ခုကို ကောင်းမွန်စွာ မတည်ဆောက်ထားလိုကျရှုးရတဲ့ အခါ စိတ်ညစ်မှုတွေကိုသာ ပိုပိုပြီး ခံစားကြရတယ်။
▪️ Behavior Change
📝 ကျွန်တော်တိုNew Year ရောက်တိုင်း ရည်မှန်းချက်အသစ်တွေ ချမှတ်ကြတယ်။ မကောင်းပြောတာတွေ ဆင်ခြင်မယ်၊ အားကစား ပိုလုပ်မယ်၊ စာ ပိုကြိုးစားမယ် စသဖြင့်။ ဒါပေမယ့် အချိန်ကြာလာတဲ့ အခါမှာ ဒီရည်မှန်းချက်တွေကို မလုပ်ဖြစ်တော့ဘူး။
🤷 ဘာလိုလဲ ဆိုတော့ ရည်မှန်းချက်အသစ်တွေကို ထပ်တလဲလဲ လုပ်ချင်အောင် လုပ်ရမယ့် နည်းလမ်းတွေကို မသိကြလိုပါ။ ရည်မှန်းချက် အသစ်တွေ ဆိုတာထက် ကျွန်တော်တိုရဲ့အလေ့အကျင့်အသစ်တွေကို တည်ဆောက်ဖိုအတွက် နည်းလမ်းတွေ သေချာ သိရှိဖိုလိုအပ်ပါတယ်။ စာအုပ်ထဲမှာ Behavior Change ဖိုနည်းလမ်းတွေ ရှင်းပြပေးထားပါတယ်။🙋🏻♂️ James Clear ကတော့ လူတွေရဲ့အတွေးအခေါ် စဉ်းစားပုံနဲ့ပတ်သက်တာတွေ များစွာ လေ့လာခဲ့ပြီးတော့ မှ ဒီ စာအုပ်ကို ရေးသားခဲ့တာ ပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က အားကစား အကျော် အမော် တစ်ယောက် ဖြစ်ခဲ့ပြီးတော့ နောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းတစ်ခုမှာ ရင်းနှီး မြုပ်နှံတယ်။ အကြီးအကျယ် အရှှးပေါ်ပြီးနောက်ပိုင်းမှာ အမှားတွေကို ပြန်လည် ဆင်ခြင်ရင်း Atomic Habits စာအုပ်ကို ရေးသားခဲ့ပါတယ်။
✍🏻 အခုချိန်မှာ သူ ဖန်တီးခဲ့တဲ့ ဒီ အနုပညာ လက်ရာမြောက် စာအုပ်တွေကို တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပညာရှင်တွေက ချီးမွန်းထားတဲ့ အပြင် ကမ္ဘာကျော် The New York Times, Entrepreneur, TIME, CBS This Morning စတဲ့ Magazine တွေကလည်း အားကျအတုယူဖွယ် ဖြစ်အောင် ချီးကျူးထားတာကို တွေ့မြင်ရမှာပါ။
💰 Millionaire ဖြစ်ဖိုအလေ့အကျင့်ကောင်းတွေကို ပြုပြင် မွမ်းမံရင်း Millionarie တွေ ဖြစ်နိုင်ကြပါစေ။
〰️ Book Title – Atomic Habits: An Easy and Proven Way to Build Good Habits and Break Bad Ones
✏️ Author – James Clear
🏷️ စာအုပ်တန်ဖိုးကတော့ – 19,500 ကျပ် (Premium++ Quality, Hardcover, Cream Paper Edition )
➰ Language – English -
Add to cart
🙏အစီအစဉ်မကျမှု တလွဲတချော်ဖြစ်မှုတွေနဲ့ အတူတကွနေထိုင်နည်း ၁၂ ချက် – Part 1 🙏
ဘယ်လောက်ပဲအစီအစဉ်ကျအောင်လုပ်လုပ် တလွဲတချော်ဖြစ်မှုတွေဟာအမြဲတမ်းရှိပါတယ်။
No matter how much we try to set things in order, Chaos is bound to happen.👥ဒါတွေကကျွန်တော်တိုအားလုံးဖြစ်နေကျခံစားမှုတွေပါ။ ကျွန်တော်တိုကစနစ်တကျစီစဉ်ထားတယ်။ ဒါပေမယ့်လောကကြီးက တလွဲတွေကိုမဖြစ်ဖြစ်အောင်လုပ်ပေးတယ်။ တစ်ခါတစ်လေ အလုပ်တစ်ခု၊ အလေ့အကျင့်တစ်ခုလုပ်ဖိုတောင် ဘာတွေသောက်တလွဲဖြစ်ဦးမလဲဆိုတဲ့အတွေးနဲ့ စိုးရိမ်ပူပန်နေတာနဲ့ တင် အလုပ်တွေနှောင့်နှေးနေတာတွေဖြစ်တတ်ပါတယ်။
ဒီလို တလွဲတချော်ဖြစ်နေမှုတွေနဲ့ အစီအစဉ်တကျအလုပ်ဖြစ်မှုဆိုတဲ့အရာနှစ်ခုကြားမှာဘယ်လိုနေထိုင်ရမလဲ ?အဆိုး အကောင်းနှစ်ခုကိုဒွန်တွဲပြီး သာတူညီမျှ ဖြစ်တဲ့ဘ၀ကို ဘယ်လိုနေထိုင်ရမလဲဆိုတာကို Jordan Peterson ရဲ့ Beyond Order မှာဖော်ပြထားပါတယ်။🏷Beyond Order ဟာ Jordan Peterson ရဲ့ Bestseller ဖြစ်တဲ့ 12 Rules for life ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ ဒီစာအုပ်ထဲမှာ တလွဲတချော်ဖြစ်မှုတွေနဲ့ အစီအစဉ်ကျမှုတွေကြားမှာ သာတူညီမျှစွာနေထိုင်နိုင်မဲ့နည်း တွေကို ရှင်းပြထားပါတယ်။ ဒီနည်းတွေကို အတူတူလေ့လာကြည့်ရအောင်
🏢1. Do not carelessly denigrate social institutions or creative achievement.🏢
အဖွဲအစည်းတွေနဲ့ တီထွင်အောင်မြင်မှုတွေကို ဂရုမစိုက်ပဲ မရှုချပါနှင့်
တစ်ယောက်အားနှင့်ယူသော်မရ တစ်သောင်းအားနှင့်ယူသော်ရ၏ ဆိုတဲ့စကားပုံလိုပဲ လူသားတိုးတက်မှုမှာ အဖွဲအစည်းတွေက အရေးကြီးပါတယ်။ မိမိကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့ ပညာသင်ပေးနိုင်တဲ့ Mentor တွေ လက်တွေ့ယူရမယ့် Experience တွေဟာ အဖွဲအစည်းတွေမှာရှိပါတယ်။အဖွဲအစည်းတစ်ခုထဲကိုရောက်ရင် Complain တွေတက်ပြီးအမုန်းပွားနေမယ့်အစား ကိုယ့်ကို အပေါ်ရောက်အောင်လုပ်ပေးနိုင်တဲ့သူတွေနဲ့အတူ မိမိရဲ့ဘ၀ကို တိုးတက်အောင်ရှာဖွေပါ။ တီထွင်ကြံဆမှုတွေကိုလေ့လာပါ။🏃♂️2. Imagine who you could be and then aim single-mindedly at that.🏃♂️
ကိုယ်ဘာဖြစ်နိုင်လဲဆိုတာကိုတွေးပြီး အဲ့ဒီ့အရာတစ်ခုတည်းကိုဦးတည်ပြီးအလုပ်လုပ်ပါ
“ Hero တစ်ယောက်ဆိုတာ ပြီးပြည့်စုံအောင်ဖွံဖြိုးတိုးတက်ပြီးတဲ့ ကိုယ်ပိုင်အရည်အချင်းရဲ့ ဥပမာတစ်ခုဖြစ်တယ်” လို စာရေးသူကပြောထားပါတယ်။ငယ်ရွယ်စဉ်တုန်းက ကျွန်တော်တိုတွေဟာ Batman, Spiderman တိုလိုမျိုး Hero တွေကိုသဘောကျခဲ့သလို အခု ကျွန်တော်တိုလက်တွေ့မြင်ရတဲ့ Elon Mask တို Jeff Bezos တိုလိုမျိုး Hero တွေဖြစ်အောင် ကြိုးစားချင်တယ်မဟုတ်လား။ကိုယ် အားကျတဲ့ Hero တစ်ယောက်လို ကိုယ့်ကိုယ်တိုင်စိတ်ကူးယဉ်ပြီး သူကြုံခဲ့တဲ့အခက်အခဲတွေ ကိုရင်ဆိုင်သလိုမျိုး ရင်ဆိုင်ပြီး ရှေ့လျှောက်မယ့်လမ်း ကကျန်တဲ့မလိုတဲ့ အရာတွေကိုဖယ်ထုတ်နိုင်ရပါမယ်။🌫3. Do not hide unwanted things in the fog.🌫
မလိုချင်တဲ့အရာတွေကို မီးခိုးငွေ့တွေထဲဖုံးကွယ်မထားပါနဲ့
အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရတဲ့ အချိန်မှာ ကျွန်တော်တိုလုပ်မိတတ်တာက အဲ့ဒီ့အရာတွေကို မမြင်ရအောင်ဖုံးကွယ်ထားဖိုကြိုးစားတာပါပဲ။ဥပမာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အဆင်မပြေကြောင်း တိုက်ရိုက်ပြောဖိုထက် အဲ့ဒီ့အရာကိုဖုံးကွယ်ပြီးအခြားအကြောင်းကိုပြောဖို ကျွန်တော်တိုပိုပြီး ကြိုးစားတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖုံးကွယ်ထားတဲ့အရာတွေဟာ ရုတ်တရက်ပေါ်ပေါက်လာတော့မှ အငိုက်မိပြီး ပြသနာတွေဟာ မထင်မှတ်ထားပဲအရမ်းကြီးမားသွားတတ်ပါတယ် ။ အခက်အခဲတွေကို ဖုံးကွယ်ဖိုမကြိုးစားပဲနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အသွေးကိုမွေးမြူမှသာ ကျွန်တော်တို ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။🌻4. Notice that opportunity lurks where responsibility has been abdicated.🌻
တခြားသူတွေတာဝန်မယူရဲတဲ့နေရာတွေမှာ အခွင့်အလမ်းတွေရှိနေတတ်တာကိုသတိပြုပါ
ဒီနေရာမှာ မင်မင်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးတစ်ခု Share ချင်ပါတယ်။ အလုပ်မှာပွဲတစ်ခုစီစဉ်တုန်းက အစားအသောက်အတွက်ဘယ်သူမှတာဝန်ယူမယ့်သူမရှိတဲ့အချိန်မှာ မင်မင် က Volunteer အနေနဲ့တာဝန်ယူခဲ့မိပါတယ်။ ဘာမှသိပ်မတွေးပဲပုံမှန် အတိုင်းကူညီချင်ရုံသတ်သတ်နဲ့ တာဝန်ယူလိုက်တာရဲ့ အကျိုးဆက်က အလုပ်မှာ ရှိတဲ့လူအားလုံးနဲ့ ရင်းနှီးမှုပိုရခဲ့တဲ့အပြင် အရင်က သိပ်မတည့်တဲ့သူတွေပါကိုယ်နဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး မင်မင့်ကို ဒီ Page ကလေး run ဖိုတွန်းအားပေးတဲ့ ဆရာကောင်းတွေနဲ့လည်းကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီတုန်းက တာဝန်သာမယူခဲ့ရင် ဒီ Page လေးဖြစ်လာဖိုဆိုတာလည်းအချိန်တစ်ခု ထပ်ကြာနေဦးမှာပါ။⛔️5. Do not do what you hate.⛔️
မင်းမုန်းတဲ့ အလုပ်ကိုမလုပ်ပါနဲ့
“ဟိုး….. ထား ဆရာသမား” မုန်းတဲ့အလုပ်ကိုမလုပ်နဲ့ဆိုလို ကိုယ်မကြိုက်တဲ့အရာမှန်သမျှမလုပ်ခိုင်းတာမဟုတ်ဘူး။ ကိုယ်မုန်းတဲ့အရာတွေဆိုတာ ကိုယ့်ကိုယ်ကိုလည်းအကျိုးမပြု ၊သူများအတွက်လည်းစီးပွားမဖြစ်ထွန်း ၊ ပတ်ဝန်းကျင်ကလည်းလက်မခံနိုင်တဲ့ အရာတွေကိုပြောတာနော်။ ကိုယ့်အလုပ်ကို ကိုယ်မကျေနပ်ဘူး မကြိုက်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ဘာပြောင်းလဲနိုင်သလဲအရင်စဉ်းစားပြီး တိုးတက်ပြောင်းလဲနိုင်တဲ့ နည်းလမ်းကို လက်ခံကျင့်သုံးပါ။ အလုပ်က မပြောင်းလဲပေးနိုင်ဘူး ဆိုရင် အားလပ်ချိန်မှာ ကိုယ့် Personal Life ကိုတိုးတက်အောင်လုပ်ပြီး ဒီအလုပ်ကထွက်နိုင်မယ့်နည်းလမ်းကိုရှာပါ။📡6. Abandon ideology.📡
အယူဝါဒတွေကိုလက်ကိုင်စွဲမထားပါနဲ့
Ideology တွေဟာ Smart ဖြစ်တဲ့ ငပျင်းတွေရဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။( မယုံရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ)။ နီတိတွေကျမ်းတွေ နဲ့ လူကြီးတွေပြောတဲ့ ဆုံးမမှုတွေဟာ အတိုင်းအတာတစ်ခု အထိလက်ခံကျင့်သုံးလိုကောင်းပါတယ်။ ဒါပေမယ့် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ရှေးဦးစာအုပ်တွေထဲကအတိုင်း လိုက်နေလိုကတော့ ကျွန်တော်တိုရဲ့တက်လမ်းကို စာအုပ်တွေထဲက နိယာမတွေနဲ့ပိတ်မိထားသလိုဖြစ်နေမှာပါ။ လွတ်လပ်စွာတွေးခေါ်ပါ။ စွန့်စားမှုကိုလက်သင့်ခံပါ။ မိမိလက်ခံထားတဲ့ မိမိရဲ့ ယုံကြည်မှုကို မေးခွန်းထုတ်ပြီး လိုက်လျောညီထွေနေနိုင်အောင် Upgrade လုပ်ပါ။💪7. Work as hard as you possibly can on at least one thing and see what happens.💪
တစ်ခုကို ရှိသမျှအားအကုန်စိုက်ပြီးအလုပ်လုပ်ကြည့်ပြီး ဘာဖြစ်လဲစောင့်ကြည့်ပါ
သင်မအောင်မြင်သေးတာမဟုတ်ပါဘူး ဖြစ်ချင်တာတွေအရမ်းများနေတာပါ။ ဆရာဝန်ကြီးဖြစ်ချင်တာလား ? အင်ဂျင်နီယာကြီးဖြစ်ချင်တာလား ? Vlogger ကြီးဖြစ်ချင်တာလား ? Influencer ကြီးဖြစ်ချင်တာလား ? ဖြစ်ချင်တာတွေတော့အရမ်းများပါရဲ့ အခုအချိန်ထိတော့ဘာမှတော့ဖြစ်မလာသေးဘူး လုပ်တာကတော့အကုန်လုပ်နေတာပဲ..
အကုန်မလုပ်ပါနဲ့။ တစ်ခုတည်းကိုအချိန်အတိုင်းအတာတစ်ခုအထိအားစိုက်အလုပ်လုပ်ပြီး ရလဒ်ကို စောင့်ကြည့်ပါ။ အောင်မြင်တဲ့သူတိုင်းဟာ နေရာတိုင်းမှာမတော်ကြပါဘူး။ ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ Skill နဲ့ အလုပ်လုပ်နိုင် တာဟာ သင့်အောင်မြင်မှုရဲ့လမ်းစတစ်ခုဖြစ်ပါတယ်။💐8. Try to make one room in your home as beautiful as possible.💐
မင်းအိမ်က အခန်းတစ်ခန်းကို လှနိုင်သမျှလှအောင်ထားပါ။
စားပွဲပေါ်ကပန်းအိုးသေးသေးလေးတစ်လုံးလိုမျိုးရိုးရှင်းတဲ့ မြင်ကွင်းလေးတစ်ခုဟာ အံ့ဩဖွယ်ကောင်းတဲ့စိတ်ကြည်နူးမှုကိုပေးစွမ်းနိုင်ပါတယ်။ တွေးကြည့်လိုက်ပါ ခင်ဗျားအလုပ်ကနေတစ်နေကုန်ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ သန့်ရှင်းလတ်ဆတ်နေတဲ့အခန်းထဲကိုဝင်လိုက်တာနဲ့ ဘယ်လောက်တောင်စိတ်ချမ်းသာသွားလိမ့်မလဲ ဆိုတာ။ တကယ်လိုအခန်းတစ်ခန်းလုံးအတွက်အချိန်မရှိဘူး ဆိုရင်တောင် ဘုရားစင်ထဲက ဘုရားပန်းလေးလဲတာ သောက်တော်ရေလဲတာလေး နေ့စဉ်လုပ်ပေးမယ်ဆိုရင် သင့်ဘ၀အတွက် အေးချမ်းတဲ့နေရာတစ်ခု ဟာ သင့်အိမ်မှာနေ့စဉ်ရှိနေပါလိမ့်မယ်။📝9. If old memories still make you cry, write them down carefully and completely. 📝
အတိတ်ကအကြောင်းအရာတွေနဲ့မျက်ရည်ကျမိနေသေးရင် သေသေချာချာပြည့်ပြည့်စုံစုံ ရေးချပါ။
ဆုံးရှုးမှုဟာ လူသားတွေရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တိုချစ်တဲ့အရာတွေနဲ့ ခွဲခွာခဲ့ရတဲ့ ခက်ခဲတဲ့အချိန်တွေဟာ မေ့ပစ်ဖိုအရမ်းခက်ခဲပါတယ်( ဥပမာ မိသားစုဝင်တွေ တိရစ္ဆာန်လေးတွေ) ။ ဒီအရာတွေကို ကျွန်တော်တိုထပ်ခါတလဲလဲပြန်တွေးမိရင်း ဖြေသိမ့်မှုမရနိုင်ပဲ လိပ်ခဲတည်းလည်းဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာတ်ပါတယ်။ ကျွန်တော်တိုတွေ လွတ်မြောက်မှုနဲ့ဖြေသိမ့်မှုရရှိနိုင်ဖိုကအတွက် သူတိုနဲ့ ပက်သက်တဲ့ သတိရမှု လွမ်းဆွတ်မှုတွေကို စာရွက်တွေပေါ်မှာချရေးထားပြီး လိုအပ်တိုင်းထုတ်ဖတ်ပါ။သင့်ဘ၀ထဲမှာ သူတိုတွေအကောင်းဆုံးဖြစ်အောင်သူတိုကြိုးစားခဲ့ပြီးပါပြီ သူတိုတွေဂုဏ်ယူရအောင် ကြိုးစားဖိုက သင့်တာဝန်ပါ။💓10. Plan and work diligently to maintain the romance in your relationship.💓
အချစ်တွေဆက်လက်ရှင်သန်နေဖို အစီအစဉ်ချပြီး ကြိုးစားအားထုတ်ပါ။
ချစ်နေရင်ပြီးရော ဆိုတဲ့ စကားလုံးက တကယ့်လက်တွေ့ဘ၀နဲ့ ထပ်တူကျမနေပါဘူး။ အိမ်ထောင်ဖက်ဘ၀မှာ မိသားစုဘ၀မှာ ရေရှည်တည်မြဲနေဖိုအတွက်အားစိုက်ထုတ်မှုတွေ နားလည်မှုတွေ ရှိရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေနဲ့ လိုအင်တွေကို နားလည်သဘောပေါက်ပြီး လေးစားမှုအပြည့်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးနိုင်မှုဟာ ကြာရှည်တည်မြဲတဲ့ Relationship တစ်ခုကိုအားသစ်လောင်းစေပါတယ်။
အချစ်ရေးနဲ့ မိသားစုမှာ အဆင်ပြေမှုဟာ သင့်အောင်မြင်မှုဆီကို အမြန်ဆုံးရောက်အောင်တွန်းအားပေးနိုင်တဲ့ အစွမ်းအထက်ဆုံးသောအရာတစ်ခုလည်းဖြစ်တာကြောင့် ဒါကိုဂရုစိုက်ဖိုမလစ်ဟင်းမိပါစေနဲ့ ။💢11. Do not allow yourself to become resentful, deceitful, or arrogant. 💢
ကိုယ့်ကိုကိုယ် နာကြည်းမှု ၊ လှည့်စားမှု နဲ့ မာနထောင်လွှားမှုတိုရဲ့သားကောင်အဖြစ်မခံပါနဲ့
ဘ၀ရဲ့ ထိုးနှက်မှုတွေအများကြီးကို သင်ခံစားဖူးခဲ့ပြီးပါပြီ။ အောင်မြင်မှု၊ ကျရှုးမှု၊ နောက်ကျောဓားနဲ့အထိုးခံရမှု၊ ကွယ်ရာမှာအပုတ်ချခံရမှု စသည်ဖြင့်အခြေအနေအမျိုးမျိုးက သင့်ကို ဒီနေရာရောက်အောင် တွန်းပိုခဲ့တာမဟုတ်ပါလား။ အတိတ်ကအရာတွေကိုပြန်တွေးမိတဲ့အချိန်မှာ နာကြည်းမှု၊ ခံပြင်းမှုတွေနဲ့ မိမိကိုယ်ကိုယ်ပိတ်လှောင်မိနေခြင်းဟာ အဆိုးဝါးဆုံးသောအရာတစ်ခုဖြစ်ပါတယ်။ အရင်ကဖြစ်ခဲ့တဲ့အရာတွေကို လက်ခံလိုက်ပါ သူတိုဟာသင့်ကို ပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် သင်ခန်းစာတွေပေးခဲ့တာပါ။ ဒီသင်ခန်းစာတွေကိုပဲ ရင်ထဲမှာသိမ်းထားပြီးရှေ့ဆက်မယ့်လမ်းမှာ လက်နက်အဖြစ်အသုံးချပါ။🕊12. Be grateful in spite of your suffering. 🕊
သင့်ရဲ့ အခက်အခဲတွေနဲ့ နာကျင်မှုတွေကိုကျေးဇူးတင်ပါ
မီးပူပူထဲ အကြိမ်ပေါင်းများစွာဖြတ်သန်း၊ တူနဲ့ ထုရိုက်မှုပေါင်းမြောက်များစွာကိုမခံယူပဲနဲ့ ဓားကောင်းတစ်ချောင်းဖြစ်မလာသလို အခက်အခဲတွေကို မရင်ဆိုင်ပဲနဲ့လဲ လူတော်လူကောင်းတစ်ယောက်ဖြစ်မလာပါဘူး။ ကျွန်တော်တိုလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အခက်အခဲတွေ ဘယ်သူ့ကိုမှပြောပြလို နားမလည်နိင်လောက်တဲ့ ကိုယ်ကိုယ်တိုင်ပဲသိတဲ့ နာကျင်မှုတွေဟာ ကျွန်တော်တိုကို အကောင်းဆုံးသင်ခန်းစာတွေပေးခဲ့တာပါ။ဒါကြောင့် အခက်အခဲတွေထပ်ရင်ဆိုင်လာရရင် စိတ်ညစ်မယ့်အစားကျေးဇူးတင်ပါ။ ဘာလိုလဲဆိုတော့ သူတိုဟာ ကျွန်တော်တိုအတွက်အကောင်းဆုံးသင်ခန်းစာတွေထပ်ယူလာပေးတယ်ဆိုရင်လည်းမမှားပါဘူး။📔Beyond Order ဟာ ဘ၀ရဲ့ ရှုပ်ထွေးမှုတွေကို ခံနိုင်ရည်အပြည့်နဲ့ ခွန်အားရှိရှိရင်ဆိုင်နိုင်အောင် ညွှန်ပြပေးတဲ့ လမ်းပြမြေပုံတစ်ခုဆိုရင်လည်းမမှားပါဘူး။ လောကကြီးကကျွမ်းထိုးမှောက်ခုံဖြစ်နေတဲ့အချိန်မှာတောင် ကိုယ့်ဘ၀ကို ကျေနပ်ဖိုက ကိုယ့်မှာပဲတာဝန်ရှိတဲ့အကြောင်းကို Dr. Jordan Peterson က စာအုပ်ထဲမှာလှပစွာရှင်းပြထားပါတယ်။
သင့်ဘ၀အတွက် လိုအပ်တဲ့ Balance ကိုရှာဖွေဖို အသင့်ဖြစ်နေပြီဆိုရင်တော့ Beyond Order ကို Airplane Bookstore မှာ အဆင်သင့်မှာယူလိုရပါတယ်။ ဒီစာအုပ်ထဲကဘယ်နည်းတွေကိုသင်အသုံးချဖိုစဉ်းစားထားသလဲ? တခြားသူတွေလည်း ဒီလိုအသိဉာဏ်တွေတိုးပွားအောင် ဒီ Post လေးကို ကူ Share လိုက်ပါ။
Book Title – Beyond Order : 12 More Rules for Life
Author – Jordan Peterson
Price – 19,500 MMK -
Add to cart
Cal Newport Book Bundle – Master Focus & Success
Unlock the power of deep focus and intentional living with this exclusive Cal Newport book bundle. Featuring Digital Minimalism, Deep Work, and So Good They Can’t Ignore You, this collection is perfect for those seeking to eliminate distractions, enhance productivity, and build a meaningful career. Whether you want to reclaim your time, master deep concentration, or develop rare and valuable skills, these books provide the blueprint for success in the digital age.
-
Digital Minimalism – Learn how to declutter your digital life, reduce screen time, and reclaim your attention for what truly matters. Newport provides a practical guide to intentional technology use for a more focused and fulfilling life.
-
Deep Work – Discover the power of undistracted, high-value work that leads to extraordinary results. This book teaches you how to train your mind for deep concentration and thrive in a world full of distractions.
-
So Good They Can’t Ignore You – Success isn’t about following your passion—it’s about developing rare and valuable skills. Newport explains why mastery, not passion, is the key to a meaningful and successful career.
-
-
Add to cart
🎓 Harvard, Oxford ကျောင်းသားတွေက ဒီနည်းလမ်းကို အသုံးပြုကြတယ်။
❓ နဂိုထက် ပိုမိုအောင်မြင်မှုတွေ ရရှိနိုင်စေမယ့်နည်းလမ်းတစ်ခု ရှိမယ်ဆိုရင် စိတ်ဝင်စားမလား?📒 ဘယ်သူတွေ ဖတ်သင့်လဲ ဆိုတော့
🟥 တစ်ရက်ကို ၈ နာရီအထက် အလုပ်လုပ်နေရသူတွေ
🟧 အလုပ်ရှုပ်နေပြီး အလုပ်ပြီးမြောက်မှု မရှိသူတွေ
🟨 ပညာရပ် တစ်ခုခုကို အားသွန်ခွန်စိုက် လေ့လာချင်သူတွေ အတွက် အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်တယ်။🧠 ခေါင်းစဉ်ကတော့ Deep Work တဲ့
🥺 မျက်လုံးခဏ မှိတ်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ကြည့်လိုက်ပါ။ ၁ မိနစ်မပြည့်ခင်မှာပဲ သင့်ခေါင်းထဲကို အတွေးပေါင်းများစွာ ဝင်ရောက်နှောင့်ယှက်နေမှာကို သတိပြုမိလိမ့်မယ်။
😈 ဦးနှောဏ် ရဲ့ သဘာဝက ပြဿနာတွေကို ဖြေရှင်းဖိုပါပဲ။ ပြဿနာတွေ မရှိတော့တဲ့ အခါမှာ ပြဿနာတွေကို ဖန်တီးတတ်တယ်၊ ရှာဖွေတတ်တယ်၊ အနှောင့်အယှက်တွေကို လုပ်ယူတတ်ပါတယ်။
🦸♂️ နေ့စဉ် Social Media ကို ကြည့်တတ်တဲ့သူတွေ အနေနဲ့ Social Media မှာ ပြဿနာပေါင်းစုံကို အချိန်နဲ့ အမျှ တွေ့မြင်နေရမှာပဲ ဖြစ်ပါတယ်။ ဦးနှောဏ်ရဲ့ စေခိုင်းမှု အောက်မှာ ရှိနေသေးသရွေ့ လိုချင်တဲ့ အခြေအနေတစ်ခုကို ရောက်နိုင်ဖို နှောင့်နှေးနေဦးမှာပဲ ဖြစ်တယ်။ ဦးနှောဏ်ကို ကိုယ့်ရဲ့ Discipline နဲ့ ပြန်လည် ဦးဆောင်နိုင်ရမယ်။
စာအုပ်ထဲမှာ
🔷 အလုပ်ပြီးမြောက်မှုကို ဖြစ်စေနိုင်တဲ့ အလေ့အကျင့်တွေ
🔷 အလုပ်ပြီးမြောက်မှု ရနိုင်မယ့် အခြေအနေ ဖန်တီးပုံတွေ
🔷 အလေ့အကျင့်ကောင်း တွေ လုပ်နိုင်မယ့် နည်းလမ်းတွေ ကို သေချာစွာ ရှင်းပြပေးထားမှာ ဖြစ်ပါတယ်။နောင်တစ်ချိန်မှာ လူတန်းစား ၃ မျိုးပဲ ကျန်ခဲ့လိမ့်မယ်။
🔶 ဉာဏ်ရည်မြင့် စက်ပစ္စည်းတွေနဲ့ အလုပ် လုပ်နိုင်သူတွေ၊
🔶 ငွေကြေး ရှာဖွေနိုင်တဲ့သူတွေ
🔶 ကိုယ့်ပညာရပ် နယ်ပယ်မှာ ထူးချွန်စွာ ကျွမ်းကျင်သူတွေCal Newport ရဲ့ Deep Work စာအုပ် ဖတ်ရင်း အကျိုးကျေးဇူးများစွာ ရနိုင်ပြီး လူပေါင်းများစွာရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ပါစေလို ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
🟩 Book Name – Deep Work
🟩 Author – Cal Newport
🟩 Price – 19,500 MMK (Premium ++ Quality, Hardcover, Creamy Paper) -
Add to cart
💔💔ပျော်ရွှင်မှုဟာ အဓိပ္ပါယ်မဲ့လာသလိုခံစားနေရင် ? 💔💔
🏎“မင်းဒီအရာကိုပိုင်ဆိုင်ရရင်/လုပ်နိုင်ရင် ပျော်ရမယ်လို့ထင်တဲ့အရာအားလုံးကို မင်းလုပ်ခဲ့ပြီးပြီ”
ဒါအရာတွေတွေအခုမင်းပိုင်ဆိုင်နေရချိန်မှာပျော်ရဲ့လား ?📱ဖုန်းအသစ်တစ်လုံးကိုရတဲ့အချိန်မှာ ခင်ဗျားအပျော်ဆုံးအချိန်တွေထဲကတစ်ခုဖြစ်တယ်။ နောက်တစ်လလောက်ကြာသွားတဲ့အချိန်မှာ ဒီဖုန်းက ဖုန်းတစ်လုံးပဲဖြစ်တော့တယ်။ တစ်နှစ်လောက်ကြာသွားတော့ ဒီဖုန်းကဟောင်းလို့ နောက်တစ်လုံးအသစ်ဝယ်မှ ခင်ဗျားလိုအပ်တဲ့ပျော်ရွှင်မှုကိုပြန်ရတော့မယ်။ ဒီခံစားချက်တွေကဘယ်လိုဖြစ်လာတာလဲ?
🎮လူတိုင်းကိုယ်စီမှာစွဲလမ်းမှုတွေရှိကြပါတယ်။ အသိသာဆုံးသောစွဲလမ်းမှုတွေက Tik Tok ကြည့်တာ၊ Shopping ထွက်တာ၊ အစားကောင်းကိုခုံမင်တာ စသည်ဖြင့်ပေါ့။ စွဲလမ်းဖို့ကောင်းတဲ့အရာတွေနဲ့ ပတ်ချာလည်ဝိုင်းနေတဲ့ဒီခေတ်မှာ လူတွေဟာ Dopamine ရဲ့သားကောင်ဖြစ်နေတဲ့အကြောင်းနဲ့ ဒီစွဲလမ်းမှုတွေကိုအကျိုးရှိအောင်ဘယ်လိုအသုံးချရမလဲဆိုတာကိုစာရေးဆရာမ Anna Lembke က Dopamine Nation ထဲမှာတင်ပြထားပါတယ်။
🧠Dopamine and Our Brain’s Pleasure System
Novelty လို့ခေါ်တဲ့အသစ်အဆန်းကိုခံစားရမှုဟာ Brain ကို လှုံ့ဆော်စေပြီး Dopamine ကိုရရှိစေပါတယ် (ဥပမာ အရမ်းကောင်းတဲ့ကော်ဖီဆိုင်အသစ်တစ်ဆိုင်က ကော်ဖီတစ်ခွက်ကိုပထမဆုံးသောက်လိုက်တဲ့အချိန်မျိုး)။ Novelty ကပေးတဲ့ Dopamine ကိုစွဲလမ်းမှုကြောင့်ဒီဆိုင်ကိုနောက်တစ်ခါနှစ်ခါ လာထိုင်ဖြစ်ပေမယ့် လေးငါးခေါက်လောက်ကျတော့ အသစ်အဆန်းမရှိတဲ့အတွက် ရိုးသွားသလိုမျိုးခံစားရပြီး နောက်အသစ်တစ်နေရာကိုထပ်သွားချင်တဲ့စိတ်ဖြစ်ပေါ်လာပြန်ရော။ ဒီလို Dopamine induced Pleasure နောက်လိုက်ရင်းနဲ့ ကျွန်တော်တို့ ရဲ့အချိန်နဲ့စွမ်းအားတွေ ဖြုန်းတီးနေမှုကို လျော့ချဖို့ကြိုးစားရပါမယ်။⚖️Pleasure and Pain ချိန်ခွင်
‘ ရယ်ပြီးရင်ငိုရတတ်တယ်” အရမ်းရယ်ပြီးရင် လက်ကိုခုနစ်ချက်ပြန်ရိုက်ရတယ်ဆိုတာကိုသိသလား ? ငယ်ငယ်တုန်းက အရမ်းရယ်ပြီးသွားရင်သူငယ်ချင်းတွေက လက်ဖျံကို ခပ်စပ်စပ်ကလေး ခုနစ်ချက်ရိုက်တတ်ကြတဲ့အမူအကျင့်တွေဟာ Pleasure and Pain ချိန်ခွင်ရဲ့အခြေခံသဘောတရားပါပဲ။ အလုပ်နားတဲ့ တစ်ရက်မှာ တစ်နေကုန် Tik Tok ကြည့် (Pleasure hunting)ပြီးတော့ ညကျရင်ဘာမှအကျိုးမရှိသလိုခံစားရတာ (Pain Hurting) ဟာ အလွယ်တကူရတဲ့ Dopamine ရဲ့ အတက်အကျရှိတဲ့ ဥပမာတစ်ခုပါ။🤝Dopamine နဲ့အတူနေထိုင်ခြင်း
ဟာ… Dopamine ကမကောင်းဘူးဆိုရင် ငါ Dopamine မရှိအောင်နေမယ်လို့တွေးရင်မှားသွားပါလိမ့်မယ်။ Dopamine မရှိတော့တဲ့အချိန်မှာ ကြွက်တွေဟာ အရှေ့မှာချထားတဲ့အစာကို မစားပဲ အစာငတ်ပြီးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်တာကို စမ်းသပ်ချက်တွေမှာတွေ့ရှိရပါတယ်။ Dopamine ဟာကျွန်တော်တို့နေ့စဉ် လှုပ်ရှားမှု၊ ရည်မှန်းချက်အစရှိတဲ့အရာတွေကို လမ်းညွှန်ပေးတဲ့ Hormone တစ်ခုဖြစ်တဲ့အတွက် တန်ဆေးလွန်ဘေးဆိုသလို အလွယ်တကူရနိုင်တဲ့ မသင့်လျော်တဲ့ Dopamine – အလွန်အမင်းဖုန်းကြည့်ခြင်း၊ အစားကောင်းကိုခုံမင်ခြင်း၊ လောင်းကစားလုပ်ခြင်း တွေ ကိုတတ်နိုင်သမျှရှောင်ကြဉ်ပြီး အားစိုက်ထုတ်ရပြီး သင့်လျော်တဲ့ Dopamine – နေရောင်ခြည်၊ လေ့ကျင့်ခန်း၊ စာဖတ်ခြင်း၊တရားထိုင်ခြင်း၊လမ်းလျှောက်ခြင်း စတဲ့အရာတွေကိုနေ့စဉ်ဘ၀မှာ ပိုမိုလုပ်ဆောင်ရပါမယ်။🏁သင့်ရည်မှန်းချက်ပန်းတိုင်ကို နှောင့်နှေးအောင်အချိန်ဆွဲနေတဲ့ စွဲလမ်းမှုကနေလွတ်မြောက်စေဖို့ Pleasure/Pain ချိန်ခွင် ကို ချိန်ညှိတဲ့နည်း (Pursing Pain) နဲ့ Abstain ( D.O.P.A.M.I.N.E) ဆိုတဲ့နည်းစနစ်နှစ်ခုကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။ သင့်ကိုသင် ထိန်းချုပ်လို့မရဘူးဆိုရင် သေချာတာက သင့်ကို Dopamine ကထိန်းချုပ်နေတာပါ။ ဒီနည်းစနစ်တွေအပြင် Dopamine Detox , Vipassana Meditation တွေကိုအသုံးပြုပြီး သင့်ဘ၀ကို ကိုယ်တိုင်ထိန်းကျောင်းနိုင်တဲ့ Power ကို လက်ဆုပ်လက်ကိုင်ရယူလိုက်ပါ။
-
Add to cart
တကယ်လိုသာ ကျွန်တော်တို ရည်မှန်းထားတဲ့ အောင်မြင်မှုကို ရရှိသွားတယ်ဆိုရင် ?
ကျွန်တော်တိုဟာ အတိတ်နဲ့ အနာဂတ်မှာပဲ နေကြတယ့်
နောင်တ တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ အတိတ်မှာ နေကြသလို မပြည့်၀သော ပူလောင်မှုတွေနဲ့ အနာဂတ်မှာနေကြတယ်
မနက်မိုးလင်း ကနေ ညအထိအလုပ်တွေအသားကုန်လုပ် အချိန်ပြည့်ကြိုးစား အစွမ်းကုန်အားထုတ်၊ မင်းဘ၀ရဲ့ အဓိပ္ပါယ်ကဘာလဲလို ကိုယ့်ကိုယ်ပြန်မေးကြည့်တော့ ဘာအဖြေရသလဲ ?စာဖတ်နေတာလေး ခဏရပ်ပြီး စဉ်းစားကြည့်ပါ။
ခင်ဗျားတစ်ရက်အလုပ်ဘယ်လောက်လုပ်သလဲ ?
8 နာရီလား 10 နာရီလား 14 နာရီလား ?
အားအင်တွေကုန်ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့အထိအလုပ်လုပ်နေသလား ?
ဒီအတွက် ခင်ဗျားကြိုးစားသလောက် ရလဒ်ကို ကျေနပ်ရဲ့လားနေ့စဉ်ရက်ဆက် အလုပ်ပေါင်း , Stress ပေါင်းမြောက်များစွာရှိတဲ့ ကြားမှာ နစ်မွန်းနေတဲ့ကိုယ့်စိတ်ရဲ့ထွက်ပေါက်ကို Greg McKeown ကသူ့ရဲ့ Effortless စာအုပ်ထဲမှာ ကိုယ်လိုချင်တဲ့ဘ၀ဆီကို အစီအစဉ်တကျ စနစ်တကျ နဲ့ သက်တောင့်သက်သာသွားနိုင်မယ့် လမ်းကြောင်းတွေကို ရှင်းပြထားပါတယ်။
ကြိုးစားနေတဲ့ကျွန်တော်တိုအတွက်က ပန်းတိုင်ကိုသွားရတာ ခရောင်းခင်းတဲ့ ဆူးလမ်းလိုပါပဲ။ မလိုတဲ့နေရာတွေမှာပါအားစိုက်ပြီးအလုပ်လုပ်မိတာဟာ အရေးပါတဲ့အပိုင်းတွေအတွက် အားလျော့သွားစေပါတယ်။ ဂျူဒိုကစားတဲ့သူတစ်ယောက်လို ကျွန်တော်တိုအင်အားကို အနည်းဆုံးသုံးပြီး အလုပ်အများဆုံးပြီးအောင်လုပ်နိုင်တဲ့ အရည်အချင်း ကို ပြုစုပျိုးထောင်ရမှာ ကျွန်တော်တိုရဲ့ Goal တစ်ခုပါပဲ။
ကိုယ့်ကိုယ်ကို ပြောင်းလဲမှုရဲ့ အစဟာ ကိုယ့်ရဲ့ အားအင်ကို ထိရောက်စွာစီမံခန့်ခွဲနိုင်မှုနဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ Goal တွေသတ်မှတ်ပြီး အားကုန်ပြေးတဲ့ သူ တစ်ယောက်နဲ့ Goal တစ်ခုကို Strategy Planning နဲ့ စတဲ့ သူတစ်ယောက် လုပ်နိုင်စွမ်းဟာ ရေရှည်မှာ သက်ရောက်မှုအများကြီးကွာခြားပါတယ်။
ဒါဆို ဒီလိုမျိုး Strategy နဲ့ အလိုလိုရရှိလာမဲ့ ပျော်ရွှင်တဲ့ဘ၀ကို လက်ဝယ်ပိုင်ဆိုင်ဖို Effortless ဟာ သင့်ကိုအကူအညီအများကြီးပေးမှာပါ။ -
Add to cart
ကျွန်တော်အကြိုက်ဆုံး Danzel Washington ရဲ့ Quote နှစ်ခုရှိပါတယ်
“Just because you’re doing a lot more, doesn’t mean you’re getting a lot more done”
မင်းအလုပ်ပိုလုပ်တိုင်း အလုပ်တွေပိုပြီးမြောက်သွားတာ မဟုတ်ဘူးDon’t Confuse “Movement” with “Progress”
“လှုပ်ရှားမှု” နဲ့ “တိုးတက်မှု” ကို မရောထွေးပါစေနဲ့။
ဒီ Quote နှစ်ခုက အသက်ရလာလေ ပိုမှန်လာလေဖြစ်တယ်ဆိုတာကို ကိုယ်တွေ့သဘောပေါက်လာတယ်။ကျွန်တော်တို အသက်တွေကြီးလာတယ် တာဝန်တွေများလာတယ် တစ်ရက်နဲ့ တစ်ရက် အလုပ်နဲ့၀တ္တရားတွေကြားဗျာများပြီး အရာရာအားလုံပြီးဖိုအတွက် အချိန်အလုံအလောက်ရှိရင်ကောင်းမှာပဲဆိုတာ ခဏခဏတွေးမိတယ်။
နည်းနည်းလုပ်ပြီးများများပြီးအောင် ဘယ်လိုလုပ်မလဲ ?
ကျွန်တော်တို ခင်ဗျားတို တကယ်အရေးပါတဲ့အရာတွေကိုအာရုံစိုက်နေမိရဲ့လား ဆိုတာကိုပြန်မေးကြည့်ပါ။အချိန်ဆိုတာ ကန့်သတ်ချက်အပြည့်ရှိတဲ့ Resource တစ်ခုပါ။ သေသေချာချာ Manage မလုပ်နိုင်ရင် မျောက်သစ်ကိုင်းလွတ်သလို ဟိုဟာလည်းမပြီးဒီဟာလည်းမရနိုင် ဖြစ်တတ်ပါတယ်။ စာရေးသူ Greg McKeown ရဲ့ Essentialism မှာ ရိုးရှင်းပြီးလက်တွေ့ကျတဲ့ နည်းစနစ် ဥပမာတွေနဲ့ အရေးပါတဲ့အရာတွေကို အချိန်တိုအတွင်းမှာ စနစ်တကျစီမံခန့်ခွဲနည်းကို တွေ့ရှိရမှာပါ။ Effective Time Management ဖြစ်အောင်သုံးလိုရတဲ့ Essentialism ရဲ့ နည်းစနစ်အချိုကို အောက်မှာလေ့လာကြည့်ကြရအောင်.
Live by design, not by default
ဒီဇိုင်းချပြီးနေထိုင်ပါ၊ သာမာန်မနေပါနဲ့
မနက်မိုးလင်းလို အိပ်ရာထတာနဲ့ ပေါ်လာသမျှပြသနာတွေ အခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းရမှာ သာမာန်လူတစ်ယောက်ရဲ့ တာဝန်ပါပဲ။
Essentialist တစ်ယောက်ဟာ ပြသနာတိုင်းကိုဖြေရှင်းဖိုထက် ရေတို ရေရှည်မှာ ဖြစ်နိုင်တဲ့အကျိုးအကြောင်းကို စဉ်းစားပြီးဖြေရှင်းနိုင်တဲ့ Lifestyle တစ်ခုကို ကြိုတင်တည်ဆောက်ထားနိုင်ပြီး အဓိကကျတဲ့ ပြသနာတွေကို အချိန်တိုအတွင်းထိရောက်စွာဖြေရှင်းနိုင်ပါတယ်။ အရေးကြီးတဲ့ ပြသနာတွေကို အာရုံစိုက်နိုင်တာဟာ သင့် Time Management Skill ကို အရိုးရှင်းဆုံး မြှင့်တင်ပေးနိုင်တဲ့ အရည်အချင်းတစ်ခုပါBurnout = Your Wake up call
နှုးချိမှု = မင်းရဲ့ နှိးဆော်သံ
ကိုယ်တွေလက်တွေမသယ်ချင်လောက်အောင် နှုးချိပြီး Burn out ခဏခဏဖြစ်နေပြီဆိုတာ သင့်အတွက် အရေးကြီးတဲ့အရာတွေကိုသာအာရုံစိုက်ဖိုလိုအပ်နေပြီလို သင့်ခန္ဒာကိုယ်ကအချက်ပြနေတာပါပဲ။ “သင့်ကိုယ်သင် ဂရုမစိုက်ရင် အခြားတစ်ယောက်(ဆရာဝန်)ကဂရုစိုက်ရလိမ့်မယ်” လို စာရေးသူကပြောပါတယ်။ Burnout ဖြစ်နေပြီဆိုရင် ကိုယ့် လုပ်ငန်းတာဝန်တွေနဲ့ ကိုယ့် Body ကိုဂရုစိုက်ပါ။ လိုအပ်သလောက်အနားယူပြီး အရေးမကြီးတဲ့အလုပ်တွေကို “No” ဆိုပြီးငြင်းနိုင်တဲ့ Skill ကိုမွေးမြူပါ။Cultivate inner clarity
ကြည်လင်တဲ့အတွင်းစိတ်ကို မွေးမြူပါ။
ကျွန်တော်တိုတွေကြုံရတဲ့ အဓိက Challenge တစ်ခု က ဆပ်ကပ်ထဲကလူရွှင်တော်တစ်ယောက် ပန်းသီးငါးလုံးကို Juggle လှည့်ပြသလို အလုပ်ပေါင်းမြောက်များစွားကို ဇယ်ဆက်သလို လှည့်ပြီးလုပ်နေရတာပါပဲ။ ဘယ်အလုပ်ကိုအရင်လုပ်ရမလဲဆိုတာကို Juggle လှည့်ရင်းစဉ်းစားနိုင်ဖို ကြည်လင်တဲ့အတွင်းစိတ်ကို အချိန်ပြည့်ရရှိနေနိုင်ဖိုလိုအပ်ပါတယ်။ တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊မှတ်စုရေးခြင်း၊ Clear Goal သတ်မှတ်ခြင်းတိုဟာ သင်လိုအပ်တဲ့ ကြည်လင်မှုကို အမြဲတမ်းရရှိပြီး လိုအပ်သလို အချိန်ကို စီမံခန့်ခွဲနိုင်အောင်ကူညီပေးပါတယ်။“Essentialism is not about how to get more things done; it’s about how to get the right things done.”
“Essentialism ဟာ အလုပ်များများပိုပြီးဖိုမဟုတ်ပဲနဲ့ မှန်ကန်တဲ့အလုပ်တွေကို ဘယ်လိုပြီးအောင်လုပ်ရမလဲဆိုတဲ့နည်းဖြစ်ပါတယ်” လိုစာရေးသူကပြောထားပါတယ်။ဒီစာအုပ်ထဲကနည်းတွေဟာ တိုးတက်လာတဲ့အခုခေတ်နဲ့ကိုက်ညီမှုရှိပြီးတော့ Personal Life မှာတင်မက လုပ်ငန်းမှာပါ မလိုအပ်တဲ့အလုပ်တာဝန်တွေကိုလျှော့ချပစ်တာတွေ၊Focus Work Sections နဲ့ Flexible Work Schedule တွေကိုပါ ကုမ္မဏီတွေအနေနဲ့ အသုံးပြုပြီး Production power နဲ့ Efficiency ကို မြှင့်တင်တာတွေပြုလုပ်နိင်ပါတယ်။ -
Add to cart
အပြင်မှာမိုးဖွဲဖွဲလေးရွာနေတယ်။
သောက်နေတဲ့ကော်ဖီနွေးနွေးလေးက အငွေ့တွေတော့မပျယ်သေးဘူး။
တဖြောက်ဖြောက်နဲ့မှန်ပြတင်းကိုထိနေတဲ့ မိုးစက်အသံလေးတွေက သင့်ကိုငြိမ်းချမ်းစေတယ်။
သင့်စာအုပ်ထဲမှာ Schedule တွေ ပြည့်နှက်နေပေမယ့် ဒါတွေကစိတ်ပူစရာလို့မြင်စရာကိုမလိုတော့တာ။
Productivity တိုးတက်ဖို့ဆိုတာ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနေစရာမလိုဘူးဆိုတာကို သဘောပေါက်ပြီးတဲ့နောက် ဖွင့်ထားတဲ့ Lofi သီချင်းလေးလို အလုပ်တွေကိုအေးအေးချမ်းချမ်း စီမံခန့်ခွဲပြီး ဘ၀ကိုကျေနပ်နိုင်လာတယ်။
📖📖📖📖📖
“အစ်ကို့ကိုကြည့်ရင် Pressure မရှိသလိုပဲ ငြိမ်းချမ်းလိုက်တာ ,အစ်ကို့အလုပ်တွေကိုဘယ်လိုစီမံခန့်ခွဲလဲ?” Junior Executiveတစ်ယောက်ရဲ့ မေးခွန်းကြောင့် ကျွန်တော့်ကော်ဖီခွက်ကို ခုံပေါ်ပြန်ချလိုက်တယ်။
“Pressure မရှိတာမဟုတ်ဘူးကွ၊ ဘယ်နေရာမှာစိတ်ပူပြီး ဘယ်နေရာမှာစိတ်ပူစရာမလိုဘူး ဆိုတာကို အမြဲဆန်းစစ်ရတာ, ဒါကြောင့်လည်းအခု ငါကော်ဖီဆိုင်ထိုင်နေနိုင်တာပေါ့ ။ ငါစိတ်မပူခင်မှာလုံလောက်တဲ့ဆင်ခြေရှိလားဆိုတာကိုအရင်မေးတယ်၊ ဆင်ခြေမရှိတဲ့အလုပ်တွေအတွက် ငါဘာမှခေါင်းခဲစရာမလိုဘူးလေ။”
သူခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရင်း ကျွန်တော့်စကားအဆုံးမှာ
“အဲ့ဒါကိုအစ်ကိုဘယ်လိုလုပ်လဲ?”
“ဟ… ဒါကိုလွယ်လွယ်ပြောရင် ပေါသွားမှာပေါ့ သိချင်ရင် Ali Abadaal ရဲ့ Feel Good Productivity ကိုကိုယ့်ဘာသာကိုယ်ရှာဖတ်” လို့သူ့ကိုပြန်ဖြေပြီး Coffee ခွက်ကိုပြန်ကိုင်လိုက်တယ်။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ကျန်းမာရေးထိခိုက်ပြီး လူမှန်းသူမှန်းမသိအောင် အလုပ်Pressure တွေပိနေခဲ့တဲ့ လူတစ်ယောက်က အတိတ်မှာကျန်ခဲ့ပြီပဲလို့တွေးရင်း Mocha တစ်ခွက်ရဲ့ချောကလက်အနံ့သင်းသင်းလေးကို သတိထားမိလိုက်တယ်။
“When the process feels good, that’s when it becomes sustainable.” လို့ Ali ကသူ့စာအုပ်ထဲမှာရေးထားတယ်။ မလုပ်ချင်တဲ့အလုပ်ကိုစိတ်ညစ်ခံပြီးလုပ်မဲ့အစား ခံစားမှုကောင်းစေမယ့်အကြောင်းအရာလေးတစ်ခုရှိရုံနဲ့ စိဖိစီးမှုအများကြီးသက်သာနိုင်တဲ့အကြောင်းကို Productivity Hack တွေအများကြီးစမ်းသပ်ဖူးတဲ့သူ့ရဲ့အတွေ့အကြုံကနေပြန်လည်မျှဝေထားတယ်။ Energize,Unblock,Sustain စတဲ့ Framwork တွေနဲ့ သေးငယ်တဲ့လုပ်ဆောင်မှုတွေကနေ ကြီးမားတဲ့ပြသနာတွေကိုဖြေရှင်းနိုင်တဲံ့နည်းစနစ်တွေဒီစာအုပ်ထဲမှာပါဝင်တယ်။
Productivityမြှင့်တင်ဖို့အတွက် ဖိစီးမှုတွေနဲ့ ရုန်းကန်နေရမယ့်အစား “Feel Good Productivity” ကိုဖတ်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ Work-Life Balance နဲ့ပိုမိုပျော်ရွှင်တဲ့ဘ၀ ကို ဘယ်လိုဖန်တီးမလဲဆိုတာ ရှာဖွေလိုက်ပါ။
-
Add to cart
🌸🌸High Productivity သမားတိုင်းရဲ့လျှိဝှက်ချက်, Flow နဲ့အတူနေထိုင်ခြင်း
အလုပ်တစ်ခုထဲမှာစိတ်နှစ်ပြီး အချိန်တွေကုန်လိုကုန်သွားမှန်းမသိတဲ့ခံစားချက်ကိုသိသလား ?
ဒါကို Flow State လိုခေါ်ပြီး အားကစားသမားတွေ၊ Entrepreneur တွေ ၊ Professional တွေနဲ့ အနုပညာသမားတွေ အများကြီးအသုံးပြုကြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။💮Flow Stateထဲရောက်နေတဲ့အချိန်မှာ
✔️အချိန်ဘယ်လိုကုန်သွားမှန်းမသိတာ
✔️အားမစိုက်ထုတ်ရပဲအလုပ်တွေအများကြီးပြီးနိုင်တာ
✔️အခက်အခဲတွေက Pressure မတက်ပဲနဲ့ပျော်စရာကောင်းတဲ့ခံစားချက်
✔️အလုပ်ကို ရာနှုန်းပြည့်အာရုံစိုက်ပြီး နှောင့်ယှက်မှုတွေဝင်မလာနိုင်အောင် လုပ်နိုင်တာစတဲ့အရာတွေကို automatic ပြုလုပ်နိုင်ပါတယ်။စာရေးသူ Mihaly Csikszentmihalyi က အလုပ်ကို ကျေနပ်အားရစွာနဲ့ အားမစိုက်ပဲ ရည်ရွယ်ချက်ပြည့်အောင်လုပ်ဆောင်နိုင်တဲ့ Mind/Body state ကို Flow လိုအမည်တပ်ခဲ့ပါတယ်။ ဒါဟာ ကျေနပ်မှု၊ Productivity ကောင်းမွန်မှု၊ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတိုရဲ့သော့ချက်လည်းဖြစ်ပါတယ်။
🌺Flow State ဟာ နှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှရနိုင်တဲ့ Skill တစ်ခုမဟုတ်ပါဘူး။ကျွန်တော်တိုနေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်နေရင်းနဲ့တောင် Flow State ကို အလိုလိုရောက်ရှိသွားတာကို ကိုယ်တိုင်သတိထားမိမှာပါ။
Flow state ကိုရဲ့လျိုဝှက်ချက်အချိုကို အောက်မှာလေ့လာကြည့်ရအောင်📊Challenge-Skill Quadrant
Challenge-Skill Quadrant ဟာ မတူညီတဲ့ စိန်ခေါ်မှုတွေနဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှုဟာ သင့်စိတ်အပေါ်မှာ ဘယ်လိုလွှမ်းမိုးမှုရှိလဲဆိုတာကိုဖော်ပြထားပါတယ်။
ဒီ Quadrant ကို
1. Boredom
2. Anxiety
3. Apathy
4. Flow ဆိုတဲ့ ရိုးရှင်းတဲ့အပိုင်းလေးမျိုးနဲ့ကြည့်နိုင်ပါတယ်။1.Boredom (ပျင်းရိခြင်း – Challenge နိမ့်, Skill မြင့်)
ဥပမာ- အရမ်းလွယ်နေတဲ့အခက်အခဲတွေကိုဖြေရှင်းရတာ
ကျွန်တော်တို တတ်မြောက်ထားတဲ့ Skill ထက်အရမ်းနိမ့်တဲ့ Challenge ကိုဖြေရှင်းရတဲ့အချိန်မှာ အလုပ်ကစိတ်ဝင်စားစရာမကောင်းတဲ့အတွက်ပျင်းဖိုကောင်းလာတတ်ကြပါတယ်။
ပြင်ဆင်ဖို-ရှုပ်ထွေးမှုနဲ့ ပုံမှန်မဟုတ်တဲ့ Target တွေ(ဥပမာ-အချိန်ကန့်သတ်တာ)ချမှတ်ပြီး စိတ်ဝင်စားအောင်လုပ်ပါ2.Anxiety ( စိုးရိမ်စိတ် – Challenge မြင့်, Skil နိမ့်)
ဥပမာ-ကျွမ်းကျင်မှုမရှိသေးတဲ့အလုပ်တစ်ခုကို တာဝန်ယူပြီးလုပ်ခိုင်းတာ
သင့်ကို အခုချိန်မှာစာလုံးရေငါးထောင်ရှိတဲ့ Research paper တစ်ခုကို တစ်ရက်အတွင်းအပြီးရေးပြီး Presentation လုပ်ရမယ်ဆိုရင် အလုပ်စဖိုထက် စိုးရိမ်စိတ်ကများပြီး စိတ်ဖိစီးမှုဒဏ်ကိုခံစားရမှာပါ။
ပြင်ဆင်ဖို-ဒီစိန်ခေါ်မှုတွေကို သေးငယ်တဲ့ စိန်ခေါ်မှုသေးသေးလေးတွေအဖြစ်ခွဲထုတ်ပြီး အနိုင်သေးသေးလေးတွေကနေ သင့်စွမ်းရည်ကိုတဖြည်းဖြည်းချင်းမြှင့်တင်ပါ။3.Apathy (စိတ်ဝင်စားမှုမရှိတာ – Challenge နိမ့်, Skill နိမ့်)
ဥပမာ- Skill မလိုတဲ့အလုပ်တစ်ခုကို စိတ်မပါပဲလုပ်ရတာကို Apathy လိုခေါ်ပါတယ်
အလုပ်အတွက်တကယ်အရေးမပါတဲ့Meeting တစ်ခုကိုတက်ရတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်မျိုးနဲ့တူပါတယ်။ရှိနေတဲ့သူတွေကအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေ၊ ကိုယ်ကလည်းထထွက်သွားလိုမရ၊ သူ့အတွက်ကိုယ့်အတွက်လည်းအကျိုးမရှိတဲ့အလုပ်လုပ်နေတဲ့အချိန်မှာ ဒါကိုခံစားရပါတယ်။
ပြင်ဆင်ဖို-သင့်စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့ စိန်ခေါ်မှုတွေကိုရှာဖွေပါ။4.Flow ( Flow State- Challenge မြင့်,Skill မြင့် )
သင်ကျွမ်းကျင်မှုနဲ့ စိန်ခေါ်မှုဟာလိုက်လျောညီထွေဖြစ်တယ်ဆိုတဲ့အခြေအနေကို Flow State လိုခေါ်ပါတယ်။
ဥပမာ-ကိုယ်နဲ့အတွေးချင်းတူတဲ့လူတစ်ယောက်နဲ့ Idea တစ်ခုကို ယှဉ်ပြိုင်ဆွေးနွေးရသလိုမျိုးပေါ့။
ဘောလုံးသမားတစ်ယောက်ဆီကို ဘောလုံးရောက်သွားသလို၊ အဆိုတော်တစ်ယောက် Mic ရှေ့ရောက်သွားသလိုဖြစ်တဲ့ခံစားမှုမျိုးပါ။ ဒီstate မှာ အရာအားလုံးက လိုက်လျောညီထွေဖြစ်မှုနဲ့ သဘာ၀တရားနဲ့ကိုက်ညီမှုကိုခံစားရမှာပါ။
တိုးတက်ဖို-Flow State ဖြစ်ပြီးတဲ့ အချိန်မှာ ဒီstate ကိုရောက်စေတဲ့ Flow Trigger တွေကိုပြန်ဆန်းစစ်ပြီး မှတ်သားထားပါ။ဒါ့အပြင် Flow Psychology ဟာ
⚖️Yerkes Dodson law ( Stress နဲ့ Productivity ရဲ့အပြန်အလှန်အကျိုးသက်ရောက်မှု)
⚖️Parkinson’s Law ( အချိန်နဲ့ အလုပ်ရဲ့ဆက်နွယ်မှု )
⚖️The Goldilocks Principle ( စိန်ခေါ်မှုနဲ့ကျွမ်းကျင်မှုရဲ့ ချိတ်ဆက်ပုံ)
⚖️Hick’s Law ( ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်) စတဲ့ ဥပဒေသတွေနဲ့ အပြန်အလှန်ချိတ်ဆက်ကိုက်ညီမှုတွေရှိနေပါတယ်။🎖️Flow Proneness, VUCA, Flow Food, Flow Schedule စသည်ဖြင့် Flow နဲ့ပက်သက်တာတွေအကုန်ရေးရင် စာအရမ်းကြီးရှည်သွားမှာဖြစ်တဲ့အတွက် စာအုပ်သာဝယ်ဖတ်လိုက်ဖိုတိုက်တွန်းချင်ပါတယ် 😁။Enterpreneur, Leader တွေ Productivity တက်အောင်၊ အလုပ်မှာကျေနပ်အောင်၊ ဘ၀မှာပျော်ရွှင်အောင် သုံးနေကျပြီး သင့်ဘ၀ကိုရေရှည်အကျိုးသက်ရောက်မှုဖြစ်စေမယ့် Flow Psychology ကိုလေ့လာနိုင်ဖို ဒီစာအုပ်ကလေးကိုအခုချက်ခြင်းလေ့လာကြည့်လိုက်တော့နော်
-
Add to cart
“The greatest predictor of success is grit.”
အောင်မြင်မှုရဲ့ ရှေ့ပြေးနိမိတ်ဟာ ကြံကြံခံပြီးကြိုးစားနိုင်ခြင်းဖြစ်တယ်
-Angela Duckworth🛰 အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နေရတဲ့ ခေတ်ကာလကို ရောက်နေချိန်မှာ Persistence ရဲ့အရေးကြီးမှုဟာ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာတယ်။
🚖 Taxi စီးချင်လား။ Grab ရှိတယ်။ ဗိုက်ဆာနေလား။ Foodpanda ရှိတယ်။ တစ်ခုခု ရှာချင်လား။ Google ရှိတယ်။ အရာအားလုံး လွယ်လွယ်ကူကူ ရနေတဲ့ အခါမှာ ခက်ခက်ခဲခဲ ကြိုးစားမှ ရနိုင်တဲ့ Social Skill, Network and Friends အဲ့ဒီ့အချက်တွေမှာ အားနည်းလာတယ်။
💑 တစ်ချိန်တစ်ခါက မိန်းကလေး တစ်ယောက်ကို ပိုးပန်းဖိုဆိုရင် အဲ့ဒီ့မိန်းကလေးကို သေချာလေ့လာရတယ်။ မိန်းကလေးက ဘာတွေ ကြိုက်တတ်လဲ။ ရည်းစားစာဆိုလည်း စကားလုံးတွေကို ဖွဲနွဲပြီး ရေးရတယ်။ သူမအတွက် ကြယ်တွေ ခေါက်ရတယ်။ စာတွေ အကြောင်းများစွာရေးပြီးတော့ စာအိတ်လှလှလေးတွေနဲ့သေချာထုပ်ပိုးပြီးမှ သူမ မသိအောင် ခိုးပေးရတယ်။ သူမဆီက အချစ်ကို ရယူဖိုအတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပြီးမှ အဖြေရတယ်။ အဲ့သလိုမျိုး ခက်ခက်ခဲခဲ ရယူထားတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် တန်ဖိုးကြီးတယ်။ တန်ဖိုးထားကြတယ်။
🗯 အခုချိန်မှာတော့ လူငယ်တွေက Messenger လေးဖွင့်ပြီး ချစ်တယ်လိုပြောလိုက်တော့ ကြိုးစားမှုတွေက မရှိ၊ ရလာတော့လည်း မကြိုးစားထားတော့ တန်ဖိုးမထားကြပဲ ခဏလေးနဲ့ပြန်ပြတ်ကြတယ်။ လူငယ်တွေမှာ Persistence ရဲ့အရေးကြီးမှု၊ ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ခံစားမှုမျိုးတွေ ပျောက်ကွယ်လာကြတယ်။
💁 စာရေးဆရာမ Angela Duckworth က အောင်မြင်သူတွေနဲ့ကျရှုးသူတွေ ကြားမှာ ကွာခြားချက်တွေကို Research လုပ်ကြည့်တဲ့ အခါမှာ Grit ကအရေးကြီးဆုံး ဆိုတာတွေ့ရှိခဲ့တယ်။ Grit ဆိုတာကတော့ ရည်မှန်းချက်တစ်ခုကို အချိန်အကြာကြီး မဆုတ်မနစ်ပဲ ကြိုးစားတာ ဖြစ်ပါတယ်။ (Passion + Perseverance). Grit စာအုပ်မှာ လဲကျတိုင်း ပြန်ထဖိုပြီးတော့ ပြန်ထလာတဲ့ အချိန်မှာ အရင်တစ်ခါထက် ပိုသာတဲ့ လူတစ်ယောက် ဖြစ်ဖိုနည်းလမ်းကောင်းတွေ ပါပါတယ်။
☝️ 1 + Talent = 2
✌️ 1 + Effort = 3🐢 ယုန်နဲ့လိပ် ပြိုင်ပွဲကလို ယုန်ကတော့ မြန်တယ်။ လိပ်ကတော့ နှေးတယ်။ ဒါပေမယ့် အပြေးမြန်ပြီး ရပ်နေတဲ့ ယုန်ထက် မှန်မှန်သွားနေတဲ့ လိပ်ကတော့ အမြဲနိုင်မှာပါပဲ။ ငါက အရည်အချင်းရှိတယ်။ ငါ တော်တယ်။ ငါ တတ်တယ် ဆိုတဲ့ လူငယ်တွေထက် ရည်မှန်းချက်တစ်ခု အတွက် မှန်မှန်ကန်ကန် မဆုတ်မနစ် ကြိုးစားနေတဲ့ လူုငယ်က အချိန်တစ်ခုရောက်တဲ့ အခါမှာ သာလွန်မှာပါပဲ။
✊ တစ်စုံတစ်ခုအတွက် ကြိုးစားနေတယ် ဆိုတာ နေ့ရက်တိုင်းရဲ မနက်စာပါပဲ။
👣 ရှေ ဆက်သွားမှာလား။
🚶 ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ သူငယ်ချင်းတွေနဲ့အတူ ဂူတစ်ခုထဲ ၀င်ခဲ့ကြတယ်။ ဂူထဲမှာ မီးမရှိတော့ ဖုန်း က မီးထွန်းပြီး အထဲကို ၀င်ကြတာပေါ့။ ကျွန်တော်တိုနဲ့အတူ အနောက်မှာ နောက်တစ်ဖွဲလိုက်လာကြတယ်။ ဂူ ထဲမှာ ဆက်သွားနေရင်း ရှေ့နားက လမ်းကြောင်းတွေက အရမ်းကျဉ်းလာတယ်။ လေ၀င်လေထွက် နည်းတော့ ဂူထဲမှာ အသက်ရှူကျပ်လာတယ်။ ရေတွေနဲ့ဆိုတော့ လမ်းတွေကလည်း ချောနေတယ်။ ခဏလည်းကြာရော အနောက်က အဖွဲ က ပြန်လှည့်သွားတယ်။ အရှေ့မှာကလည်း လမ်းကျဉ်းကျဉ်းလေးပဲ တွေ့ရတယ်။ ကျွန်တော်တိုကလည်း ဆက်လျှောက်သွားတာပေါ့။
🏃 နောက်ဆုံး မြင်လိုက်ရတာ ဂူက အပိတ်ကြီး။ လမ်းမရှိတော့ဘူး။ ကျွန်တော်တိုအကုန် လန့်သွားတယ်။ ဘုရားစာတွေ ရွတ်ကြ၊ ဂါထာတွေ ဆိုကြတာပေါ့။ ဒါပေမယ့် ဘေးမှာ အပြင် ပြန်ထွက်ဖိုနောက်တစ်လမ်း ရှိတာကို တွေ့လိုက်ရတယ်။ အဲ့ဒီ့ကနေ အပြင် ပြန်ရောက်သွားတယ်။
🙌 အဆုံးထိသာ ရောက်အောင် မသွားခဲ့ရင် ဒါမှမဟုတ် နောက်က အဖွဲလို နောက်ပြန်လှည့်ခဲ့ရင် အဆုံးမှာ ဘာရှိသလဲ သိမှာ မဟုတ်ပါဘူး။
🌀 ကိုယ့် ယုံကြည်ရာ လမ်းကြောင်းတစ်ခုကို အဆုံးထိ သွားမှာလား။??
🔭 “Always Discover your Vision and The Rest will Follow.”
– Arnold Schwarzenegger📘 ယခုစာအုပ်ရဲ့အဓိက အနှစ်ကတော့ အချိန်အများကြီး ယူပြီး Research တွေလုပ်ရာက ရလာတဲ့ နည်းလမ်းတွေ ပါ၀င်တာပါပဲ။ စာအုပ်ထဲမှာ အပိုင်းသုံးပိုင်း ပါ၀င်ပါတယ်။
🕯 ပထမပိုင်းမှာ Grit ဆိုတာဘာလဲ ပြီးတော့ Talent နဲ့Effort နှစ်ခုမှာ ဘယ်အရာက ပိုသာသလဲ စတဲ့ အကြောင်းအရာတွေကို Angela သင်ကြားခဲ့တဲ့ သူမ တပည့်လေးတွေနဲ့ဥပမာပြထားပါတယ်။
💡 ဒုတိယပိုင်းမှာ Grit ရလာအောင် ဘယ်လို လုပ်မလဲ။ Grit တည်ဆောက်ပုံ အပိုင်းလေးမျိုးပါ၀င်ပါတယ်။
🔦 တတိယပိုင်းမှာတော့ မိဘတွေ၊ ဆရာတွေ၊ အလုပ်ခွင်က မန်နေဂျာတွေ အတွက် မိမိလက်အောက်က ၀န်ထမ်းတွေကို သူတိုဘ၀ ပိုကောင်းလာအောင် လမ်းညွန်ပုံတွေ ရေးသားထားပါတယ်။
📜 နောက်ဆုံးအနေနဲ့စာရေးသူ Angela Duckworth က Teacher တစ်ယောက်အပြင် PHD ရ Psychologist တစ်ယောက်လည်း ဖြစ်တယ်။ သူမ ရဲ့Grit စာအုပ်က Ted Talk ရဲ့ လူကြည့်အများဆုံး အပိုင်းတစ်ခုဖြစ်ပြီး သူမက Fortune 500 CEOs တွေအပြင် အိမ်ဖြူတော် နဲ့အမေရိကန် BasketBall NBA အသင်းတွေကိုလည်း အကြံပေးခဲ့ပါတယ်။
📤 Angela ရဲ့ Grit – TED Talk Link လေးပါ။( ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါ )
👉 https://youtu.be/H14bBuluwB8
💥 “Fall Down Seven Times, and Rise Eight.”
– Angela Duckworth -
Add to cart
သင့်ခေါင်းထဲကအတွေးမုန်တိုင်းတွေကို ဘယ်လိုကျော်ဖြတ်အနိုင်ယူရမလဲ?🤯🤯
☝️လက်တွေ့တစ်ခုနဲ့စလိုက်ရအောင်။ ခေါင်းထဲမှာအတွေးဆယ်မျိုးလောက်နဲ့ ဖုန်းပွတ်နေတဲ့အချိန်မှာ ဒီစာကိုမြင်ပြီး See More ကိုနှိပ်ရမလား၊ ဆက်ပြီး Doomscrolling လုပ်ရမလားဆိုပြီးသင်တွေးနေတယ်။သေချာတာတစ်ခုကတော့ ခင်ဗျားသက်တောင့်သက်သာဖြစ်မနေပဲ စိတ်ထဲမှာအတွေးပေါင်းသောင်းခြောက်ထောင်နဲ့ဗျာများနေတာပါ။
ဒါက ပုံမှန်ပါပဲ။ Chris Bailey ရဲ့ Hyper Focus ကအခုလို စိတ်မုန်တိုင်းတွေကြားထဲက လေပြေသွေးကိုစောင့်မျှော်နေသူ သင့်အတွက်ရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။✅Hyperfocus ဟာ နောက်ထပ် Productivity Hack တစ်ခုထက်စာရင် Action Plan အတွက်ဦးတည်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စိတ်ပျံ့လွင့်မှုကနေရုန်းထွက်ပြီး သင့်ဘ၀အတွက်အရေးအကြီးဆုံးဖြစ်တဲ့ အသိ၊သတိ ကိုရရှိစေဖိုအတွက် အသေးစိတ်အချက်အလက်တွေနဲ့ ရှင်းပြထားပါတယ်။
“Setting specific intentions can double or triple your odds of success.”
“တိကျတဲ့ရည်ရွယ်ချက်တွေဟာ အောင်မြင်နိုင်ချေကို နှစ်ဆ၊သုံးဆလောက်တိုးတက်သွားစေတယ်” ဆိုပြီး Chris Bailey ကပြောထားပါတယ်
-ဟိုဟာလုပ်ရမလား ဒီဟာလုပ်ရမလားဆိုပြီး ခေါင်းထဲမှာ ဘယ်ညာလွန်ဆွဲနေတဲ့အတွေးတွေမရှိပဲအလုပ်တွေပြီးမြောက်နိုင်ရင်
-အနှောင့်အယှက်တွေကြားကလွတ်မြောက်ပြီး လွတ်လပ်တဲ့တီထွင်မှုကိုအချိန်မရွေးဖန်တီးနိုင်မယ်ဆိုရင်
-အလုပ်၊မိသားစုနဲ့ မိတ်ဆွေတွေကြားမှာ Work/Life balance ဖြစ်အောင်နေနိုင်မယ်ဆိုရင်
သင့်ဘ၀ဟာ ဘယ်လောက်နေချင်စရာကောင်းလိုက်လိမ့်မလဲဆိုတာကို တွေးကြည့်ပါ။🕒✨Hyper Focus and Scatter Focus
-အလုပ်တစ်ခုကို မီးမောင်းထိုးပြထားသလို အာရုံစိုက်ပြီး အနှောင့်အယှက်တွေမရှိအောင်လုပ်နိုင်ဖိုအတွက် – Hyper Focus
-အကြံသစ် ဉာဏ်သစ်နဲ့ သူမတူတဲ့တီထွင်ဖန်တီးမှူတွေလုပ်ဖိုအတွက် – Scatter Focusသင့်စိတ်ကိုပြဇာတ်ရုံတစ်ခုလိုမြင်လိုက်ရင် စင်ပေါ်မှာရှိတဲ့အရာအားလုံးကိုမြင်ရဖိုအတွက်ထိုးထားတဲ့မီးလုံးတွေဟာ Scattter Focus ဖြစ်ပြီးတော့ သရုပ်ဆောင်တွေကိုထိုးပြနေတဲ့ဆလိုက်မီးဟာ Hyper Focus နဲ့တူပါတယ်။
🕒Hyper Focus – အလုပ်ကိုအာရုံစိုက်တဲ့ Framework
1.အာရုံစိုက်မဲ့အရာနဲ့ အချိန်ကိုရွေးချယ်ပါ။ (အရေးကြီးတဲ့ဘယ်အရာကိုအချိန်ဘယ်လောက် အာရုံစိုက်မှာလဲ)
2.အနှောင့်အယှက်ဖြစ်နိုင်မယ့်အရာတွေကိုဖယ်ထုတ်ပါ။(ဖုန်းကို Noti Off ထားပါ၊ အလုပ်လုပ်တဲ့နေရာကမလိုအပ်တာတွေအကုန်ဖယ်ထုတ်ပါ)
3.အာရုံစိုက်မှုကိုစီမံခန့်ခွဲပါ။ (ဖြည်းဖြည်းချင်း Flow State ထဲကိုစီးမျောဝင်ရောက်ပါ။ အရမ်းတွေးတာတွေ၊ Multitasking တွေမလုပ်ပါနဲ့)
4.အာရုံကိုပြန်ပြန်ဖမ်းပါ။(စိတ်ပျံ့လွင့်မှုဖြစ်ပေါ်တာသတိထားမိရင် မိမိရဲ့ Goal ဆီကိုအာရုံပြန်ပြောင်းပါ)
5.အာရုံစူးစိုက်တဲ့အချိန်ပြည့်ပြီးရင် ပြန်လည်ဆန်းစစ်ပါ။(မိမိအတွက်အသုံးဝင်တဲ့အရာအလုပ်ဖြစ်တဲ့အရာတွေကိုဆန်းစစ်ပြီး နောက်Session တွေတိုးတက်မှုကိုတည်ဆောက်ပါ။✨Scatter Focus – တီထွင်မှု၊ အကြံအစည်ကောင်းတွေအတွက် Framework
1.အကြံဉာဏ်အသစ်တွေအတွက် Scatter focus လုပ်ဖို အခြေအနေ ကိုရှာဖွေပါ (အလုပ်/Personal Life က အခက်အခဲတစ်ခု)
2.စိတ်ကူးယဉ်၊ ဉာဏ်ကွန့်မြူးလိုရတဲ့နေရာ/အလုပ်ကို ဖန်တီးပါ။ ( ကျွန်တော့်အတွက်က Outdoor ထိုင်လိုရတဲ့ကော်ဖီဆိုင် )
3.မလိုအပ်တဲ့အရာ၊ အာရုံအရမ်းစိုက်ရမယ့်အရာတွေကို မလုပ်ပါနဲ့ (ဖုန်းကြည့်တာ၊ ဂိမ်းဆော့တာစသည်ဖြင့်)
4.ရိုးရှင်းတဲ့အတွေးကိုထပ်ခါထပ်ခါတွေးပြီး စိတ်ကူးယဉ်ပါ။ (ဥပမာ ပြသနာကိုအစကနေမတွေးပဲ ဖြေရှင်းပြီးသွားတဲ့နေရာကနေစပြီးတွေးတာမျိုး)
5.ပေါ်လာတဲ့အတွေးတွေကိုမှတ်သားဖိုအတွက် Notebook လိုမျိုးတစ်ခုခုဆောင်ထားပါ။
6.Scatter Focus Session တွေကိုခဏခဏလုပ်ပေးပါ (Stress လျော့စေပြီး အတွေးသစ်တွေအများကြီးရတတ်ပါတယ်)ဒီနှစ်ခုဟာ အာရုံစိုက်တာနဲ့ အာရုံများတာ နှစ်ခုကြားကယှဉ်ပြိုင်မှုမဟုတ်ပါဘူး။ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးလိုက်လျောညီထွေစွာ သင့်ဦးနှောက်ကိုအသုံးချနိုင်အောင်ကူညီပေးတဲ့ အရာနှစ်ခုပါ။
သင်ဟာ
-အချိန်နဲ့ လုပ်အားကိုမျှတပြီး Work Life Balance ဖြစ်အောင်ပြုလုပ်ချင်ရင်
-အာရုံစူးစိုက်မှုနဲ့ တီထွင်နိုင်မှု နှစ်ခုကို အတူတူကိုင်ဆောင်နိုင်တဲ့အရည်အချင်းကိုလိုချင်ရင်
-အဓိပ္ပါယ်ရှိတဲ့ အလေ့အကျင့်တွေနဲ့ စနစ်တကျတိုးတက်မှုကိုတည်ဆောက်ဖိုရည်ရွယ်ချက်ရှိနေတယ်ဆိုရင် Hyper Focus ကသင့်အတွက် လမ်းညွှန်တစ်ခုဖြစ်စေမှာပါ။📝စာရေးသူရဲ့ လက်တွေ့နည်းစနစ်တွေဟာ စာဖတ်ရုံတင်မက သင့်ရဲ့ အတွေးတွေကို အနာဂတ်အတွက် အကျိုးရှိမယ့်ရင်းနှီးမြုပ်နှံမှုပြောင်းလဲပေးပါလိမ့်မယ်။
အာရုံစူးစိုက်မှုဟာ ရှုပ်ထွေးတဲ့အရာမဟုတ်ပါဘူး။ ဒီစာအုပ်ကလေးနဲ့အတူ ကောင်းမွန်တဲ့အလေ့အထတွေကိုတည်ဆောက်နိုင်မယ်ဆိုရင် သင်လိုချင်တဲ့ပျော်ရွှင်ပြည့်စုံတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်မှာပါ။📈သင့်ဘ၀တိုးတက်မှုအတွက် အာရုံစူးစိုက်ဖိုအသင့်ဖြစ်ပြီလား?
🏁အခုပဲစလိုက်ကြရအောင် -
Add to cart
🏗လုပ်သလောက် အားမရ၊ ကြိုးစားပြီး မဖြစ်မြောက်တာ ဘာကြောင့်လဲ?
ကျွန်တော်တိုက အလုပ်တွေများပြီး အရမ်းကြိုးစားနေပေမဲ့ နောက်ဆုံးမှာ အားမလိုအားမရ ထင်သလောက်ခရီးမရောက်ဘူးလို ဘာလိုခံစားနေရတာလဲ။ လွန်ခဲ့တဲ့၅နှစ်က မင်းမျှော်မှန်းထားတဲ့ ရည်ရွယ်ချက်တွေကို မရောက်သေးတာမင်းအပြစ်မဟုတ်ဘူး။ ပြဿနာက ကျင့်သုံးနေတဲ့ နည်းလမ်းတွေမှာ လိုအပ်ချက် ရှိနေတာ။
🏋♂️ကြိုးစားနေလျက်နဲ့ ရလဒ်တွေ မပေါ်တာဘာကြောင့်လဲ။ လူတော်တော်များများ မသိတာက အလုပ်လုပ်တာနဲ့ အလုပ်ပြီးမြောက်တာကို ကွဲကွဲပြားပြား သေချာမသိနေတာပဲ။
ဟိုးအရင်ကနည်းလမ်းတွေကိုသုံးနေပြီ လက်ရှိအခြေအနေထက်ပိုပြီးမရောက်နိုင် အလုပ်တွေ ပိုမပြီးနိုင်ဘူးဆိုတာ မင်းလက်ရှိကျင့်သုံးတဲ့နည်းလမ်းတွေမှာ အမှားအယွင်းတွေရှိနေလိုပါ။ ဒီတော့ နည်းလမ်းအသစ်တွေကိုဘယ်လိုရှာမလဲ?🤩နည်းလမ်းအသစ်တွေသိလေလေ ပိုခရီးရောက်နိုင်လေလေပါပဲ။ဘာနည်းလမ်းလဲဆိုရင် အလုပ်ပိုပြီးစေတဲ့ နည်လမ်းတွေပါ။ GYM မှာ 1နှစ်လောက် ကြိုးစားပြီးဆော့တာ ထင်သလောက်မဖြစ်လာတာ မင်းညံ့လိုမဟုတ်ဘူး။ မင်းကျင့်သုံးတဲ့နည်းလမ်းတွေက မကောင်းလို။
ဒီအချက် 3 ချက်ကို မင်းကျင့်သုံးရင်သူများထက် အမြဲအလုပ် ၅ဆပိုပြီး ပြီးနေပါလိမ့်မယ်။
1.Highlight Your Day
အလုပ်တွေကို နေ့ရွေ့ညရွှေ့လုပ်နေတုန်း¬လား? နောက်ဆုံးမှာ အလုပ်မပြီးလို ကိုယ့် ကိုကိုယ်မကျေနပ်တာ အပြစ်တာ စိတ်မကျေမနပ်ဖစ်တာသဖြင့် ဖြစ်နေတုန်းပဲလား?ဒါဆိုရင် ဒီ ပြဿနာကို ဖြေရှင်းဖိုနေ့တစ်နေ့ကိုမစတင်ခင် ဒီနေ့ရဲ့ အဓိကအလုပ်ကို Highlight တစ်ခုလုပ်ပါ။ အဲ့အလုပ်ပြီးမှ ကျန်တာကိုလုပ်ပါ။ ဒီလိုဆို ညဘက်အိပ်ရာ၀င်ချိန် ငါဒီနေ့အတွတ်ဘာကိုလုပ်ခဲ့တယ် ဆိုတာတွေးပြီး စိတ်ချလက်ချအိပ်ရုံပါပဲ။2.Gratitude Yourself
ညဘက်အိပ်လိုအိပ်ရာပေါ်ရောက်ရင် ငါဒီနေ့ လုပ်ခဲ့တာတွေထဲက ကျေနပ်ဖိုအကောင်းဆုံး တစ်ခု က ဘာလဲလိုတွေးပါ။ ပြီးရင် ကိုယ့်ဟာကိုယ် Gratitude ပြန်လုပ်ပါ။ ဘာလိုဆို Gratitude လုပ်ခြင်းက မင်းက မင်းဘ၀ကို အဓိပ္ပာ ယ်ရှိရှိဖြတ်သန်းနေတယ်ဆိုတာကို ကိုယ့်ကိုယ့်ကိုယ့် ပြန်သတိပေးနေသလို ဖြစ်စေလိုပါ။3.Block the Distractions
လူတွေက အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြပေမဲ့ အလုပ်လုပ်နေချိန်မှာ အခက်အခဲတွေ တွေ့လို လက်လျှော့သွားတာ ထင်သလောက် အလုပ်မပြီးတာတွေက အမြဲဖြစ်စမြဲပါ။ အနှောက့်အယှက်တွေကြောင့် ကျနော်တို ပုံမှန်ထက်အလုပ်မပြီးကြတာပါ။ဒီပြဿနာကို သင် အခုပြောမဲ့ Techniques လေးနဲ့ ဖြေရှင်းနိုင်လိုရပါတယ်။
အလုပ်မလုပ်ခင်အချိန်တွင်း အလုပ်လုပ်နေချိန် ဘာတွေကို လုံး၀မလုပ်ဘူးဆိုတာ စာနဲ့ရေးထားပါ။ ဒီမှာ ဂရုစိုက်ကမှာ 2 မျိုးရှိပါတယ်။“External and Internal Distractions” ပါ။
-External အနေနဲ့ ကိုယ်က Facebookမသုံးဘူး Game မဆော့ဘူး စဖြင့်ရေးလိုရပါတယ်။ ပိုဂရုပြုရမှာက “Internal” ပါ။
-Internal အနေနဲ့ ဘာအကြောင်းကိုတော့မတွေးဘူး ဥပမာ-အပြင်သွားမဲ့အကြောင်းအရာကိုမတွေးဘူး, တခြားသူအကြောင်းမတွေးဘူး ဆိုတာမျိုးတွေ ကြိုသတ်မှတ်ထားပါ။ဒီ 3 ခုကို ကိုယ့်နေ့တစ်နေ့ကို စတင်ချိန်မနက်ခင်းမှာ ကိုယ့်ရဲ့တနေ့တာ “Might-Do List” ထဲထည့်ထားပါ။ “Might-Do List” ဆိုတာက To-do-listလို တစ်နေ့တာလုပ်ရမှာတွေကို ထည့်ရတာမဟုတ်ပါဘူး။ တနေ့တာမှာမဖြစ်မနေ မပြီးရင်မနားဘူးဆိုတဲ့ အလုပ်ကိုပဲထည့်ရတာပါ။ Make time မှာ ဒီလို နည်းလမ်းပေါင်း Dozen နဲ့ချီပြီးပါပါတယ် အခုပြောတဲ့ 3 ခု နဲ့တင်သင်က သူများထက် အလုပ် 5 ဆလောက်ပိုပြီးနေပါပြီ။
“အလုပ်နဲနဲလုပ်ပြီး များများ ပြီးနိုင်ကြပါစေ ခင်မျာ။”
-
Add to cart
သင့်ဘ၀ကိုမျက်ကွယ်ကထိန်းကျောင်းနေတဲ့အရာနှစ်ခု, စွမ်းအား(Power)နဲ့ အင်အား(Force)တိုရဲ့ယှဉ်ပြိုင်မှု
🏆“The greatest victory is that which requires no battle.” – Sun Tzu, The Art of War
“တိုက်ခိုက်စရာမလိုတဲ့ အနိုင်ရမှုဟာ အကြီးမားဆုံးသောအောင်နိုင်မှုအစစ်အမှန်ဖြစ်တယ်” ဆိုတဲ့ Sun Tuz ရဲ့ Quote တစ်ခုရှိပါတယ်။
ဒီစာအုပ်ကိုဖတ်ပြီးချိန်မှာ ကျွန်တော့်ခေါင်းထဲမှာပေါ်လာတဲ့ပထမဆုံးသော စာသားလေးတစ်ခုပေါ့။နေ့တိုင်းကျွန်တော်တို လူတန်းစေ့နေနိုင်အောင်၊ ပတ်ဝန်းကျင်ကလက်ခံတဲ့လူတစ်ယောက်ဖြစ်အောင်၊ ချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် အင်အားတွေအများကြီးစိုက်ထုတ်ပြီး ရုန်းကန်လှုပ်ရှားရတယ်။ တကယ်လို ကျွန်တော်တိုနေ့စဉ်ကြုံနေရတဲ့ ရုန်းကန်မှု (Career, Relationship, Work) စတဲ့အရာတွေကို အင်အားသုံးပြီးဖြေရှင်းစရာမလိုပဲ ကျွန်တော်တိုဆီမှာရှိနေတဲ့ ပါဝါနဲ့ဖြေရှင်းနိုင်တယ်ဆိုရင် သင်ယုံမလား?
📚David R. Hawkins ရဲ့ Power Vs Force စာအုပ်ကိုလေးပိုင်းခွဲခြားပြီး
🌞စွမ်းအား(Power)နဲ့ 💪အင်အား(Force) တိုရဲ့ကွာခြားမှု
🗺အသိစိတ်မြေပုံ ( The Map of Consciousness )
✔️ဇီဝကမ္မဗေဒ နဲ့ အမှန်တရားစမ်းသပ်ခြင်း (Kinesiology and Truth Testing)
🌍အသိစိတ်စုပေါင်းမှုနဲ့ အကျိုးသက်ရောက်မှု ( The Collective Impact of Consciousness ) ဆိုပြီးလေ့လာလိုရပါတယ်🌞စွမ်းအား(Power)နဲ့ 💪အင်အား(Force) တိုရဲ့ကွာခြားမှု
“The wise man does not fight; he flows.” – Lao Tzu, Tao Te Ching
“ပညာရှိဟာ မတိုက်ခိုက်ဘူး , လိုက်လျောညီထွေစွာနေထိုင်တယ်”
စွမ်းအား(Power) ဟာ စစ်မှန်မှု၊ သမာဓိနှင့် စကြာဝဠာအမှန်တရားများနှင့် ညီညွတ်မှုတိုကနေပြီးဖြစ်ပေါ်လာတယ်။
အင်အား(Force) ဟာ အတ္တဆန်မှု၊ အကျပ်ကိုင်မှု၊ ကြောက်ရွံမှုတို ကနေ အမြစ်တွယ်ပေါက်ဖွားလာတယ်။
Force ဟာ ပူလောင်တဲ့မီးလျှံလိုလောင်ကျွမ်းနေချိန်မှာ Power ကရေတံခွန်တစ်ခုလိုအေးမြမှုကိုပေးစွမ်းတယ်။
အရာရာတိုင်းကို အားနဲ့မာန်နဲ့အမိန့်ပေးခိုင်းစေတဲ့ Manager တစ်ယောက်နဲ့ အမြဲနားလည်မှုပေးပြီးကူညီပေးတဲ့ Manager တစ်ယောက် ဘယ်သူ့နဲ့အတူတူခင်ဗျားအလုပ်လုပ်ချင်သလဲ?⁉️သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။
⁉️သင့် မိသားစု၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဘက်တွေအပေါ် Power ကိုသုံးမိနေသလား ? Force ကိုသုံးမိနေသလားဆိုတာကို ?🗺အသိစိတ်မြေပုံ ( The Map of Consciousness )
ဒါကတော့ စာအုပ်တစ်အုပ်လုံးနဲ့ အနှစ်လိုပြောလိုရတယ်။
ကျွန်တော်တိုသိစိတ်တွေအားလုံးဟာ မတူညီတဲ့ Frequency တွေနဲ့ လှုပ်ရှားနေကြတဲ့အကြောင်းကို အသိစိတ်မြေပုံနဲ့လေ့လာကြည့်လိုရတဲ့အပိုင်းပေါ့။
Maslow ရဲ့ Hierarchy of Needs အတိုင်း ကျွန်တော်တိုရဲ့လိုအပ်ချက်တွေမှာ ရှိတဲ့ခံစားချက်တွေပေါ်မူတည်ပြီး ( အနိမ့်ဆုံး – ရှက်ရွံမှု Shame – 20) ကနေပြီး ( အမြင့်ဆုံး – ထိုးထွင်းသိမြင်ခြင်း Enlightment – 700) အထိ မတူညီတဲ့ Energy Levelတွေရှိတဲ့အကြောင်းကိုသိရှိနိုင်ပါတယ်။ (သတ္တိ – 200) Energy Levelဟာ သင်လိုချင်နေတဲ့ပြောင်းလဲမှုကိုစတင်ရရှိဖို အတွက်ခြေလှမ်းရဲ့အစတစ်ခုဖြစ်တဲ့အကြောင်းကိုလည်း တွေ့နိုင်ပါတယ်။ အနာဂတ်မှာရှိမဲ့ စိတ်ချမ်းသာမှုနဲ့ ငြိမ်းချမ်းမှုအတွက် နေ့စဉ်သင့် Energy Level ကိုမြှင့်တင်ပြီးနေထိုင်ရပါမယ်။⁉️ဒီနေ့အတွက် သင့် Energy Level ကဘယ်နေရာမှာရှိနေသလဲ?
⁉️Energy Level ကိုမြှင့်တင်စေမယ့် စာဖတ်တာ၊ တရားထိုင်တာ စသည်ဖြင့် ရေရှည်အကျိုးရှိစေမဲ့အရာတစ်ခုခု သင်ဒီနေ့လုပ်ပြီးသွားပြီလား ?✔️ဇီဝကမ္မဗေဒ နဲ့ အမှန်တရားစမ်းသပ်ခြင်း (Kinesiology and Truth Testing)
နည်းနည်းတော့ရင်ခုန်စရာအပိုင်းတစ်ခုပေါ့ ဟဲဟဲ….
မလန့်ပါနဲ့ ဒီအပိုင်းက ကျွန်တော်တိုရဲ့ အလိုလိုတုံပြန်နိုင်မှုကို ခန္ဒာကိုယ်က ဘယ်လိုသိသလဲဆိုတာကိုစမ်းသပ်ပြတာပါ။
ဥပမာ အပြုံးတုတစ်ခုက မျက်လုံးထောင့်တွေထိမရောက်သလိုမျိုး၊ ယုံကြည်ရတဲ့သူကိုကြည့်ရင် မျက်တောင်ဖြေးဖြေးချင်းခတ်မိတာမျိုးပေါ့။
ကျွန်တော်တို ဟန်ဆောင်မှု၊လိမ်ညာမှု၊အတုအယောင်တွေနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကြွက်သားတွေဟာ အလိုလိုတောင့်တင်းလာတတ်ပြီး ယုံကြည်မှု၊အမှန်တရား၊လက်ခံမှုအစရှိတဲ့အရာတွေနဲ့နေထိုင်တဲ့အချိန်မှာကြွက်သားတွေဟာ ပြေလျော့ပြီးအလိုက်သင့်ဖြစ်နေတာအောင်လုပ်ပေးတတ်တဲ့ ခန္ဒာကိုယ်ရဲ့ Subconscious Function အကြောင်းကိုသိရမှာပါ။ လျှပ်တပြတ်ဖြစ်ပေါ်တဲ့အရာတွေကို ကျွန်တော်တိုဦးနှောက်က မစဉ်စားနိုင်ခင် Body ကပေးတဲ့ Response မှာကြိုတင်သိနိုင်တဲ့အရာတွေကိုရှာတွေ့ရမှာပါ။⁉️အမှန်ကိုပြောတဲ့ခံစားချက်နဲ့ လိမ်ပြောရတဲ့ခံစားချက်ဘယ်လိုကွာသလဲဆိုတာကို တွေးကြည့်ပါ။ သင့်ခန္ဒာကိုယ်က ဘယ်လိုတုံပြန်သလဲဆိုတာကိုခံစားပါ။
⁉️လှည့်စားမှုနဲ့ အမှန်တရား ဘယ်အရာနဲ့လိုက်လျောညီထွေဖြစ်အောင် သင့်ဘ၀ကိုထိန်းကျောင်းမလဲ?🌍အသိစိတ်စုပေါင်းမှုနဲ့ အကျိုးသက်ရောက်မှု ( The Collective Impact of Consciousness )
လူတွေဟာ Social Animal တွေဖြစ်ကြပါတယ်။ အပေါင်းအသင်းမရှိတဲ့လူဆိုတာမရှိပါဘူး။ Energy ဟာမိမိသာသင်မက တခြားသူတွေဆီကိုပါ ပျံ့နှံစေပြီး ရေပွက်တစ်ခုလို ပတ်ဝန်းကျင်ကိုအကျိုးသက်ရောက်မှုရှိစေပါတယ်။တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုးဆိုသလို သင် project လုပ်တဲ့ Energy Level ဟာ သင့်ပတ်ဝန်းကျင်က လူတွေရဲ့ Energy Level ကိုရိုက်ခတ်မှုရှိပါတယ်။ Higher Energy Level ဟာ သူ့ထက်နိမ့်တဲ့ Energy Level ကိုအဆင့်မြှင့်ပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် ကျွန်တော်တိုဗုဒ္ဓဘာသာ မှာ ချစ်ခြင်းမေတ္တာ (love-500) နဲ့ ငြိမ်းချမ်းမှု(peace-600) နဲ့အမြဲနေထိုင်တဲ့သူတွေဟာ သူတိုပတ်ဝန်းကျင်ကို ငြိမ်းချမ်းတည်ငြိမ်မှုရှိအောင် ဖန်တီးပေးနိုင်တာပေါ့။⁉️ဒီနေ့သင့် Energy Level က ဒီနေ့ဘယ်သူတွေကို အကျိုးဖြစ်စေလဲ ?
⁉️သင့်ရဲ့ ပြောင်းလဲမှုဟာ သင့်ပတ်ဝန်းကျင်ကိုပါ အမြဲဆင့်ကဲပြောင်းလဲမှုဖြစ်စေတာကို သတိမူပါ။👉48 Laws Of Power ကိုဖတ်ပြီးသွားရင်ဒီစာအုပ်ကလေးကို ဖတ်ဖို ကျွန်တော် အကြံပြုချင်ပါတယ်။
သင့်ရဲ့ အပြုအမူ၊အနေအထိုင်၊အပြောအဆိုတွေဟာ သင့် Energy level ကို အမြဲတမ်းသတ်မှတ်နေတယ်ဆိုတာကို လုံး၀မမေ့ပါနဲ့။ဒီစာအုပ်ကလေးက ပုံမှန် Psycholgy စာအုပ်တစ်အုပ်ထက်စာရင် Self-Transforming စာအုပ်တစ်အုပ်လိုပြောရင်ပိုမှန်ပါလိမ့်မယ်။ Power Vs Force ဟာ သင့်နေ့စဉ်နေထိုင်တဲ့ဘ၀မှာ ပြုမူတဲ့အမူအကျင့် သေးသေးလေးတွေကနေစပြီး မလိုအပ်ပဲ အင်အားဖြုန်းတီးမှုမဖြစ်အောင်၊ လိုက်လျောညီထွေမှု၊ ထိန်းချုပ်နိုင်မှုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်အောင်ကူညီပေးမယ့် အဖော်မွန်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။🏁Power နဲ့ Force ကိုကွဲခြားသိမြင်ပြီး သင်ရဲ့ ရည်မှန်းချက်တွေကို အမြန်ဆုံးရရှိနိုင်ကြပါစေ..🏁
-
Add to cart
အကောင်းဆုံး Productivity စာအုပ်တွေထဲမှာပါဝင်ပြီး အာရုံစူးစိုက်မှုအကြောင်းကို မတူညီတဲ့ ရှုထောင့်တွေကနေလေ့လာနိုင်ဖို့ ။
📕Hyperfocus
“When you work with greater intention, the better the results you get.” — Chris Bailey (Hyperfocus)
ဒီစာအုပ်က အာရုံလွှဲမှုတွေများပြားတဲ့လောကမှာ အဓိကအရေးကြီးတဲ့အရာကိုအာရုံစူးစိုက်မှုနဲ့အလုပ်လုပ်ရင်း တီထွင်ဖန်တီးဉာဏ်ကိုပါကွန့်မြူးနိုင်စေမယ့်နည်းလမ်းတွေကိုရှင်းပြထားပါတယ်။
⁉️ဘာတွေပါသလဲ?
⚡အဓိကအရာကိုအာရုံစူးစိုက်နိုင်မှုဟာအရေးကြီးတဲ့ Skill တစ်ခုဖြစ်တဲ့အကြောင်း
⚡အရေးကြီးတဲ့အရာတွေအတွက် Hyperfocus Mode နဲ့ တီထွင်ဖန်တီးမှုအတွက် Scatter Focus Mode
⚡Multitasking ဟာProductivity ကိုလျော့ကျစေတဲ့အကြောင်း တွေပါဝင်ပါတယ်။
Hyperfocus ကလက်တွေ့ကျပြီး လိုက်နာကျင့်သုံးဖို့လွယ်ကူတဲ့နည်းလမ်းတွေဟာ အလုပ်တာဝန်တွေအများကြီးကိုတပြိုင်တည်းလုပ်နေပြီး Priority နဲ့ Deadline တွေကိုလှည့်ပတ်ကစားနေရတဲ့သူတွေအတွက် အသုံးဝင်ပါတယ်။
📕Deepwork
“To produce at your peak level, you need to work for extended periods with full concentration on a single task free from distraction.” — Cal Newport (Deep Work)
ဒီစာအုပ်မှာက ဆင်ခြေပေးလို့မရတဲ့အာရုံစူးစိုက်မှုကိုအခြေခံထားပြီးအရေးမပါတဲ့အရာတွေကို ဟန်ဆောင်အလုပ်လုပ်ပြနေခြင်းဟာ တကယ့် Productivity ကိုအလဟဿလေလွင့်အောင်လုပ်နေတာပဲဆိုတာကိုပြောထားပါတယ်။
⁉️ဘာတွေပါသလဲ?
⚡အလုပ်လုပ်ချင်ယောင်ဆောင်တဲ့အလုပ်(Shallow Work) ကိုဖယ်ရှားနည်း
⚡Deepwork ကိုရနိုင် ရောက်နိုင်မယ့်နည်းလမ်းတွေ
⚡အလုပ်များတာနဲ့မတိုင်းပဲ အလုပ်ပြီးစီးမှုနဲ့တိုင်းတာဖို့စံနှုန်းတွေကို လေ့လာရမှာပါ
Deepwork က အပေါ်ယံအလုပ်လုပ်ချင်တာနဲ့ တကယ်အလုပ်ပြီးမြောက်မှုကိုခွဲခြားသိမြင်စေပြီး ရေရှည်အောင်မြင်မှုအတွက် စနစ်ကျတဲ့အာရုံစူးစိုက်မှုကိုတည်ဆောက်ချင်သူတွေအတွက်အသုံးဝင်ပါတယ်။
📕Make Time
“What you pay attention to each day determines the life you live.” — Jake Knapp & John Zeratsky (Make Time)
သင်နေ့စဉ်အာရုံစိုက်တဲ့အရာတိုင်းဟာ သင့်ရဲ့ဘ၀ကိုဆုံးဖြတ်ပေးတယ်။အချိန်ကိုစီမံခန့်ခွဲခြင်းဟာ အလုပ်ကိုစီမံခန့်ခွဲတာထက် အာရုံစူးစိုက်မှုနဲ့ခွန်အားအတွက်အကျိုးဖြစ်တဲ့အကြောင်းကိုရှင်းပြထားပါတယ်။
⁉️ဘာတွေပါသလဲ?
⚡အရေးကြီးတဲ့အရာတွေကိုအာရုံစိုက်နိုင်မယ့် Highlight Method
⚡အနှောင့်အယှက်ကင်းစွာနဲ့နက်နက်နဲနဲအာရုံစိုက်နိုင်ဖို့ Laser Mode
⚡Burn out မဖြစ်အောင် ရှောင်ရှားနိုင်မယ့် အနားယူဖို့ အလေ့အကျင့်ကောင်းတွေ
Make Time က နေ့စဉ်အချိန်ဖြုန်းတီးမှုကိုလျော့ချပြီး လုပ်အားဆုံးရှုံးမှုအနည်းဆုံးနဲ့ Productivity ကိုတိုးတက်စေမယ့် System ကိုတည်ဆောက်ချင်သူတွေအတွက် ရေးသားထားတာဖြစ်ပါတယ်။
သင်ဟာ
✔️နေထိုင်မှုပုံစံကိုအရမ်းပြင်းပြင်းထန်ထန်မပြောင်းလဲပဲ အာရုံစူးစိုက်မှုကိုမြှင့်တင်ချင်ရင်
✔️အလုပ်အရမ်းများလို့ နေ့စဉ်ဘ၀မှာအာရုံစူးစိုက်မှုရှိဖို့ အခက်အခဲရှိနေရင်
✔️အာရုံစူးစိုက်မှုနဲ့အတူ တီထွင်ဖန်တီးမှုကိုပါကွန့်မြူးနိုင်ဖို့ဆိုရင်
📖HyperFocus ကိုဖတ်ပါ။
သင်ဟာ
✔️အာရုံလွှဲမှုတွေအနှောင့်အယှက်တွေကို လုံး၀စိတ်ကုန်နေရင်
✔️အလုပ်လုပ်သလောက် အကျိုးမဖြစ်ထွန်းဘူးလို့ခံစားနေရရင်
✔️တမူထူးခြားတဲ့ Productivity Power နဲ့အဓိကကျတဲ့အရာတွေကိုအာရုံစိုက်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်
📖Deepwork ကိုဖတ်ပါ။
သင်ဟာ
✔️အချိန်ကိုစီမံခန့်ခွဲဖို့ အခက်အခဲရှိနေရင်
✔️စနစ်ကျတဲ့အာရုံစူးစိုက်မှုကို လိုအပ်ရင်
✔️System ကျတဲ့ Productivity နဲ့ နေ့စဉ်နေထိုင်ချင်ရင်
📖Make Time ကိုဖတ်ပါ
ဒီစာအုပ်တွေမှာပါဝင်တဲ့မတူညီတဲ့ ရှုထောင့်တွေဟာ Productivity ကိုတိုးတက်စေဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။
အတိုချုံးပြောရမယ်ဆိုရင်
🔹Hyperfocus ဟာ နေ့စဉ်ဘ၀အတွက်
🔹Deepwork ဟာ ပညာရပ်တစ်ခု၊ လုပ်ငန်းတစ်ခုကိုProfessional အဆင့်ထိတက်မြောက်ဖို့အတွက်
🔹Make Time ဟာ နေ့စဉ်အချိန်ကိုစီမံခန့်ခွဲနိုင်တဲ့ စနစ်ကျတဲ့System ကိုတည်ဆောက်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကိုရရှိစေမှာပါ
-
Add to cart
“ငါ့ညီ အဆင်ပြေတဲ့တခြားနေရာတစ်ခုမှာ အလုပ်အသစ်ရှာတာကပိုအဆင်ပြေပါလိမ့်မယ်”
အစမ်းခန့်သုံးလခန့်ပြီး Permanent assessment meeting ထဲမှာအသစ်ခေါ်ထားတဲ့ Manager လေးကိုကျွန်တော်ပြောလိုက်တဲ့စကားအဆုံးမှာ သူ့မျက်လုံးထဲက မျှော်လင့်ခြင်းတွေတစ်စစီပြိုလဲသွားတာကို မြင်လိုက်ရတယ်။ လေးလံတဲ့ခြေလှမ်းတွေနဲ့ Meeting ခန်းထဲကထွက်သွားတဲ့ သူ့နောက်ကျောကိုမြင်ရပေမယ့် စိတ်ထဲဘာမှမခံစားရသလိုပဲ။
“ငါမကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေပြီလား ?” ဆိုတဲ့အတွေးတစ်ခု အဲ့နေ့ညမှာ ကျွန်တော့်ခေါင်းထဲဝင်လာတယ်။ ဒီအတွေးတွေရဲ့အနောက်ကိုလိုက်ရင်း အဖြေရှာမတွေ့တဲ့ညတစ်ညကုန်ဆုံးပြီးတဲ့နောက်နေ့မှာ Bossကိုဒီမေးခွန်းကိုပဲပြန်မေးခွန်းထုတ်တော့ ရိုးရှင်းတဲ့အဖြေတစ်ခုကိုသူပြန်ပေးတယ်။
“Did you try your best not to fire him?”
“သူ့ကိုအလုပ်မထုတ်ရဖိုအတွက် မင်းအကောင်းဆုံးကြိုးစားပြီးသွားပြီလား?”
Boss ရဲ့ဒီမေးခွန်းက ကျွန်တော့်ကို အဖြေတွေအများကြီးပေးခဲ့တယ်။ အလုပ်ရဲ့လိုအပ်ချက်အရ ထိရောက်မှု (Efficiency) ကို ဦးစားပေးရတာနဲ့၊ လူသားတစ်ယောက်အနေနဲ့ တစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်စာနာမှု (Empathy) ပေးရတာ – ဒီနှစ်ခုကြားမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လို ချိန်ဆရမလဲဆိုတာ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ။ စကားတစ်ခွန်းကိုပြောချင်ပေမယ့် တစ်ဖက်သားနာကျင်သွားမှာ စိုးရိမ်ပြီးမပြောပဲနဲ့ ထိန်ချန်ထားရာကနေ နောက်ဆုံးဖုံးမနိုင်ဖိမရတော့မှ အရမ်းဆိုးရွားတဲ့အခြေအနေကိုရောက်သွားတဲ့ ခံစားချက်မျိုးကို ခေါင်းဆောင်တိုင်းခံစားခဲ့ရဘူးတယ်။
ဒါဆို လိုအပ်တဲ့စကားကို တစ်ဖက်သားစိတ်မထိခိုက်ရအောင်ဘယ်လိုပြောမလဲ?
လူတစ်ယောက်ကို စိတ်ရင်းနဲ့ ဂရုစိုက်ပြီး (Care Personally)၊ တစ်ချိန်တည်းမှာပဲ လိုအပ်တဲ့ မှန်ကန်တဲ့ စကားကိုလည်း တည့်တည့်ပြောဖို(Challenge Directly)။ ဒီနှစ်ခုပေါင်းစပ်ထားတဲ့ ‘Radical Candor’ ကမှ ခေါင်းဆောင်တစ်ယောက်အတွက် အကောင်းဆုံး ဆက်သွယ်ပြောဆိုမှုပုံစံဖြစ်တယ်။
Kim Scott ရဲ့ Alex ဇာတ်လမ်း ဟာ ခေါင်းဆောင်တွေရဲ့ လူသားဆန်မှုနဲ့ အလုပ်ပြီးမြောက်မှုကြားက ရုန်းကန်မှုတွေ၊ အထူးသဖြင့် စိတ်မကောင်းဖြစ်မှာစိုးလို အားနည်းချက်ကို မပြောဘဲ ထိန်ချန်ထားရာကနေ ပိုဆိုးရွားတဲ့အခြေအနေကို ရောက်သွားရတဲ့အကြောင်း (Ruinous Empathy) တွေကို Radical Candor နဲ့ ဘယ်လိုဖြေရှင်းနိုင်လဲဆိုတာကို ရှင်းပြထားပါတယ်။
လူတွေကိုစီမံခန့်ခွဲနေရတဲ့သူတွေအတွက် ဒီစာအုပ်က မဖတ်မဖြစ်ဖတ်ကိုဖတ်ရမယ့်စာအုပ်တစ်အုပ်ထဲပါပါတယ်။
အလုပ်ပြီးမြောက်မှု (Efficiency) နဲ့ ကိုယ်ချင်းစာမှု (Empathy) နှစ်ခုလုံးပေါင်းစပ် နိုင်တဲ့အရည်အချင်းရှိတဲ့ခေါင်းဆောင်တစ်ယောက်အတွက် တိုးတက်မှုဟာ မလွဲမသွေရောက်ရှိလာမှာပါ။ မှန်တာကို စိတ်ရင်းနဲ့ အားမနာပဲ ဂရုစိုက်မှုရှိစွာ ပြောနိုင်တဲ့အခါ လူသားဆန်မှု (humanity) ကို မဆုံးရှုးဘဲ ပိုမိုခိုင်မာပြီး အောင်မြင်တဲ့ အဖွဲအစည်းတွေကို ဖန်တီးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက်သင်ကိုယ်တိုင်ဖြစ်လာပါလိမ့်မယ်။

















