The Unfair Advantage: How You Already Have What It Takes to Succeed
13,000 Ks
မနက်စောစော ထပြီး အလုပ်လုပ်တိုင်း ပိုချမ်းသာမယ်ဆိုရင် ပဲပြုတ်ရောင်းတဲ့သူတွေတိုင်း မီလျံနာ ဖြစ်နေလောက်ပြီ။
လူအများစု တွေးထားကြတာက ပိုကြိုးစားရင် ပိုအောင်မြင်မယ်၊ ဒါပေမယ့် ဒီအချက်က အမြဲတန်း မှန်သလား လို မေးရရင် အမြဲတန်းတော့ မဟုတ်နေခဲ့ဘူး။
ဆိုက်ကား ဆရာ တစ်ယောက်က ဆိုက်ကား ပိုနင်းရဖို အရမ်းကြိုးစားနေမယ်ဆိုရင် ပိုနင်းရတဲ့ ဆိုက်ကား သမား တစ်ယောက်ပဲ ဖြစ်လာမှာ။
မနက်စောစော ထပြီး အလုပ်လုပ်တိုင်း ပိုချမ်းသာမယ်ဆိုရင် ပဲပြုတ်ရောင်းတဲ့သူတွေတိုင်း မီလျံနာ ဖြစ်နေလောက်ပြီ။
ဒီတော့ မမျှတတဲ့ လောကကြီးကို ဘယ်လို အနိုင်ယူမလဲ။
ဒါပေမယ့် လူတွေက Hardwork တောင် မလုပ်ရသေးဘူး Smartwork ကို တန်းဖြစ်ချင်နေကြပြီ။
HUSTLE
မနက် ကို ၁၀ နာရီမှ ထ၊ ဖုန်းလေး ပွတ်၊ Motivational Video တွေကြည့်၊ Effort တစ်ခုခု စိုက်ထုတ်မှု မရှိပဲ ငါ ဘာလို မအောင်မြင်သေးတာလဲ လို တွေးနေရင် သင်က ၉၅ ရာခိုင်နှုန်းသော လူပိန်းတွေထဲက တစ်ယောက် ဖြစ်နေဦးမှာပါပဲ။
ဒီတော့ Hustle လုပ်ပါ။ သင် သိနိုင်သမျှ knowledge အကုန် လေ့လာပြီး ရှိနေတဲ့ နေရာလေးကနေ ဖောက်ထွက်ပါ။
Unfair Advantage
လူတွေက အကုန် အတူတူပဲ လို တွေးနေသေးတာလား။
စာအုပ်ထဲမှာ လူချင်း တူနေရင်တောင် မှ အောက်ခြေ ရောက်နေလည်း သူ့ အားသာချက်တွေ ရှိတယ်၊ အမြင့် ရောက်နေလည်း Unfair Advantage တွေ ရှိတယ်လို ပြောထားတယ်၊
ဒါတွေကတော့
MILES
Money + Intelligent + Location + Education + Status
ကိုက ဘယ်နေရာမှာ အားသာချက်တွေ ရှိနေလဲ၊ ဘယ်အချက်တွေမှာ အားနည်းချက် ဖြစ်နေလဲ
ကိုယ့်မှာ အားနည်းနေတဲ့ နေရာတွေကို ဘယ်လို အားသာချက်တွေ ဖြစ်အောင် လုပ်မလဲ စတဲ့ နည်းလမ်းတွေကို စာအုပ်ထဲမှာ ရေးသားထားမှာပဲ ဖြစ်တယ်။
သာမန် ရေပေါ်ဆီ သီအိုရီတွေကို ရေးထားတဲ့ မဟုတ်ပဲ တစ်ကယ့် လက်တွေ့ က အဖြစ်အပျက်တွေ၊ လူတွေအပေါ်မှာ ရေးထားတာ ဖြစ်လို အနှစ်သာရ အပြည့်နဲ့ သင်ယူစရာတွေ တိုးလာမှာပါ။
95% ထဲမှ လွတ်မြောက်နိုင်ကြပါစေ။
Related products
-
Add to cart
🙏အစီအစဉ်မကျမှု တလွဲတချော်ဖြစ်မှုတွေနဲ့ အတူတကွနေထိုင်နည်း ၁၂ ချက် – Part 1 🙏
ဘယ်လောက်ပဲအစီအစဉ်ကျအောင်လုပ်လုပ် တလွဲတချော်ဖြစ်မှုတွေဟာအမြဲတမ်းရှိပါတယ်။
No matter how much we try to set things in order, Chaos is bound to happen.👥ဒါတွေကကျွန်တော်တိုအားလုံးဖြစ်နေကျခံစားမှုတွေပါ။ ကျွန်တော်တိုကစနစ်တကျစီစဉ်ထားတယ်။ ဒါပေမယ့်လောကကြီးက တလွဲတွေကိုမဖြစ်ဖြစ်အောင်လုပ်ပေးတယ်။ တစ်ခါတစ်လေ အလုပ်တစ်ခု၊ အလေ့အကျင့်တစ်ခုလုပ်ဖိုတောင် ဘာတွေသောက်တလွဲဖြစ်ဦးမလဲဆိုတဲ့အတွေးနဲ့ စိုးရိမ်ပူပန်နေတာနဲ့ တင် အလုပ်တွေနှောင့်နှေးနေတာတွေဖြစ်တတ်ပါတယ်။
ဒီလို တလွဲတချော်ဖြစ်နေမှုတွေနဲ့ အစီအစဉ်တကျအလုပ်ဖြစ်မှုဆိုတဲ့အရာနှစ်ခုကြားမှာဘယ်လိုနေထိုင်ရမလဲ ?အဆိုး အကောင်းနှစ်ခုကိုဒွန်တွဲပြီး သာတူညီမျှ ဖြစ်တဲ့ဘ၀ကို ဘယ်လိုနေထိုင်ရမလဲဆိုတာကို Jordan Peterson ရဲ့ Beyond Order မှာဖော်ပြထားပါတယ်။🏷Beyond Order ဟာ Jordan Peterson ရဲ့ Bestseller ဖြစ်တဲ့ 12 Rules for life ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ ဒီစာအုပ်ထဲမှာ တလွဲတချော်ဖြစ်မှုတွေနဲ့ အစီအစဉ်ကျမှုတွေကြားမှာ သာတူညီမျှစွာနေထိုင်နိုင်မဲ့နည်း တွေကို ရှင်းပြထားပါတယ်။ ဒီနည်းတွေကို အတူတူလေ့လာကြည့်ရအောင်
🏢1. Do not carelessly denigrate social institutions or creative achievement.🏢
အဖွဲအစည်းတွေနဲ့ တီထွင်အောင်မြင်မှုတွေကို ဂရုမစိုက်ပဲ မရှုချပါနှင့်
တစ်ယောက်အားနှင့်ယူသော်မရ တစ်သောင်းအားနှင့်ယူသော်ရ၏ ဆိုတဲ့စကားပုံလိုပဲ လူသားတိုးတက်မှုမှာ အဖွဲအစည်းတွေက အရေးကြီးပါတယ်။ မိမိကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့ ပညာသင်ပေးနိုင်တဲ့ Mentor တွေ လက်တွေ့ယူရမယ့် Experience တွေဟာ အဖွဲအစည်းတွေမှာရှိပါတယ်။အဖွဲအစည်းတစ်ခုထဲကိုရောက်ရင် Complain တွေတက်ပြီးအမုန်းပွားနေမယ့်အစား ကိုယ့်ကို အပေါ်ရောက်အောင်လုပ်ပေးနိုင်တဲ့သူတွေနဲ့အတူ မိမိရဲ့ဘ၀ကို တိုးတက်အောင်ရှာဖွေပါ။ တီထွင်ကြံဆမှုတွေကိုလေ့လာပါ။🏃♂️2. Imagine who you could be and then aim single-mindedly at that.🏃♂️
ကိုယ်ဘာဖြစ်နိုင်လဲဆိုတာကိုတွေးပြီး အဲ့ဒီ့အရာတစ်ခုတည်းကိုဦးတည်ပြီးအလုပ်လုပ်ပါ
“ Hero တစ်ယောက်ဆိုတာ ပြီးပြည့်စုံအောင်ဖွံဖြိုးတိုးတက်ပြီးတဲ့ ကိုယ်ပိုင်အရည်အချင်းရဲ့ ဥပမာတစ်ခုဖြစ်တယ်” လို စာရေးသူကပြောထားပါတယ်။ငယ်ရွယ်စဉ်တုန်းက ကျွန်တော်တိုတွေဟာ Batman, Spiderman တိုလိုမျိုး Hero တွေကိုသဘောကျခဲ့သလို အခု ကျွန်တော်တိုလက်တွေ့မြင်ရတဲ့ Elon Mask တို Jeff Bezos တိုလိုမျိုး Hero တွေဖြစ်အောင် ကြိုးစားချင်တယ်မဟုတ်လား။ကိုယ် အားကျတဲ့ Hero တစ်ယောက်လို ကိုယ့်ကိုယ်တိုင်စိတ်ကူးယဉ်ပြီး သူကြုံခဲ့တဲ့အခက်အခဲတွေ ကိုရင်ဆိုင်သလိုမျိုး ရင်ဆိုင်ပြီး ရှေ့လျှောက်မယ့်လမ်း ကကျန်တဲ့မလိုတဲ့ အရာတွေကိုဖယ်ထုတ်နိုင်ရပါမယ်။🌫3. Do not hide unwanted things in the fog.🌫
မလိုချင်တဲ့အရာတွေကို မီးခိုးငွေ့တွေထဲဖုံးကွယ်မထားပါနဲ့
အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရတဲ့ အချိန်မှာ ကျွန်တော်တိုလုပ်မိတတ်တာက အဲ့ဒီ့အရာတွေကို မမြင်ရအောင်ဖုံးကွယ်ထားဖိုကြိုးစားတာပါပဲ။ဥပမာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အဆင်မပြေကြောင်း တိုက်ရိုက်ပြောဖိုထက် အဲ့ဒီ့အရာကိုဖုံးကွယ်ပြီးအခြားအကြောင်းကိုပြောဖို ကျွန်တော်တိုပိုပြီး ကြိုးစားတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖုံးကွယ်ထားတဲ့အရာတွေဟာ ရုတ်တရက်ပေါ်ပေါက်လာတော့မှ အငိုက်မိပြီး ပြသနာတွေဟာ မထင်မှတ်ထားပဲအရမ်းကြီးမားသွားတတ်ပါတယ် ။ အခက်အခဲတွေကို ဖုံးကွယ်ဖိုမကြိုးစားပဲနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အသွေးကိုမွေးမြူမှသာ ကျွန်တော်တို ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။🌻4. Notice that opportunity lurks where responsibility has been abdicated.🌻
တခြားသူတွေတာဝန်မယူရဲတဲ့နေရာတွေမှာ အခွင့်အလမ်းတွေရှိနေတတ်တာကိုသတိပြုပါ
ဒီနေရာမှာ မင်မင်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးတစ်ခု Share ချင်ပါတယ်။ အလုပ်မှာပွဲတစ်ခုစီစဉ်တုန်းက အစားအသောက်အတွက်ဘယ်သူမှတာဝန်ယူမယ့်သူမရှိတဲ့အချိန်မှာ မင်မင် က Volunteer အနေနဲ့တာဝန်ယူခဲ့မိပါတယ်။ ဘာမှသိပ်မတွေးပဲပုံမှန် အတိုင်းကူညီချင်ရုံသတ်သတ်နဲ့ တာဝန်ယူလိုက်တာရဲ့ အကျိုးဆက်က အလုပ်မှာ ရှိတဲ့လူအားလုံးနဲ့ ရင်းနှီးမှုပိုရခဲ့တဲ့အပြင် အရင်က သိပ်မတည့်တဲ့သူတွေပါကိုယ်နဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး မင်မင့်ကို ဒီ Page ကလေး run ဖိုတွန်းအားပေးတဲ့ ဆရာကောင်းတွေနဲ့လည်းကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီတုန်းက တာဝန်သာမယူခဲ့ရင် ဒီ Page လေးဖြစ်လာဖိုဆိုတာလည်းအချိန်တစ်ခု ထပ်ကြာနေဦးမှာပါ။⛔️5. Do not do what you hate.⛔️
မင်းမုန်းတဲ့ အလုပ်ကိုမလုပ်ပါနဲ့
“ဟိုး….. ထား ဆရာသမား” မုန်းတဲ့အလုပ်ကိုမလုပ်နဲ့ဆိုလို ကိုယ်မကြိုက်တဲ့အရာမှန်သမျှမလုပ်ခိုင်းတာမဟုတ်ဘူး။ ကိုယ်မုန်းတဲ့အရာတွေဆိုတာ ကိုယ့်ကိုယ်ကိုလည်းအကျိုးမပြု ၊သူများအတွက်လည်းစီးပွားမဖြစ်ထွန်း ၊ ပတ်ဝန်းကျင်ကလည်းလက်မခံနိုင်တဲ့ အရာတွေကိုပြောတာနော်။ ကိုယ့်အလုပ်ကို ကိုယ်မကျေနပ်ဘူး မကြိုက်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ဘာပြောင်းလဲနိုင်သလဲအရင်စဉ်းစားပြီး တိုးတက်ပြောင်းလဲနိုင်တဲ့ နည်းလမ်းကို လက်ခံကျင့်သုံးပါ။ အလုပ်က မပြောင်းလဲပေးနိုင်ဘူး ဆိုရင် အားလပ်ချိန်မှာ ကိုယ့် Personal Life ကိုတိုးတက်အောင်လုပ်ပြီး ဒီအလုပ်ကထွက်နိုင်မယ့်နည်းလမ်းကိုရှာပါ။📡6. Abandon ideology.📡
အယူဝါဒတွေကိုလက်ကိုင်စွဲမထားပါနဲ့
Ideology တွေဟာ Smart ဖြစ်တဲ့ ငပျင်းတွေရဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။( မယုံရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ)။ နီတိတွေကျမ်းတွေ နဲ့ လူကြီးတွေပြောတဲ့ ဆုံးမမှုတွေဟာ အတိုင်းအတာတစ်ခု အထိလက်ခံကျင့်သုံးလိုကောင်းပါတယ်။ ဒါပေမယ့် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ရှေးဦးစာအုပ်တွေထဲကအတိုင်း လိုက်နေလိုကတော့ ကျွန်တော်တိုရဲ့တက်လမ်းကို စာအုပ်တွေထဲက နိယာမတွေနဲ့ပိတ်မိထားသလိုဖြစ်နေမှာပါ။ လွတ်လပ်စွာတွေးခေါ်ပါ။ စွန့်စားမှုကိုလက်သင့်ခံပါ။ မိမိလက်ခံထားတဲ့ မိမိရဲ့ ယုံကြည်မှုကို မေးခွန်းထုတ်ပြီး လိုက်လျောညီထွေနေနိုင်အောင် Upgrade လုပ်ပါ။💪7. Work as hard as you possibly can on at least one thing and see what happens.💪
တစ်ခုကို ရှိသမျှအားအကုန်စိုက်ပြီးအလုပ်လုပ်ကြည့်ပြီး ဘာဖြစ်လဲစောင့်ကြည့်ပါ
သင်မအောင်မြင်သေးတာမဟုတ်ပါဘူး ဖြစ်ချင်တာတွေအရမ်းများနေတာပါ။ ဆရာဝန်ကြီးဖြစ်ချင်တာလား ? အင်ဂျင်နီယာကြီးဖြစ်ချင်တာလား ? Vlogger ကြီးဖြစ်ချင်တာလား ? Influencer ကြီးဖြစ်ချင်တာလား ? ဖြစ်ချင်တာတွေတော့အရမ်းများပါရဲ့ အခုအချိန်ထိတော့ဘာမှတော့ဖြစ်မလာသေးဘူး လုပ်တာကတော့အကုန်လုပ်နေတာပဲ..
အကုန်မလုပ်ပါနဲ့။ တစ်ခုတည်းကိုအချိန်အတိုင်းအတာတစ်ခုအထိအားစိုက်အလုပ်လုပ်ပြီး ရလဒ်ကို စောင့်ကြည့်ပါ။ အောင်မြင်တဲ့သူတိုင်းဟာ နေရာတိုင်းမှာမတော်ကြပါဘူး။ ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ Skill နဲ့ အလုပ်လုပ်နိုင် တာဟာ သင့်အောင်မြင်မှုရဲ့လမ်းစတစ်ခုဖြစ်ပါတယ်။💐8. Try to make one room in your home as beautiful as possible.💐
မင်းအိမ်က အခန်းတစ်ခန်းကို လှနိုင်သမျှလှအောင်ထားပါ။
စားပွဲပေါ်ကပန်းအိုးသေးသေးလေးတစ်လုံးလိုမျိုးရိုးရှင်းတဲ့ မြင်ကွင်းလေးတစ်ခုဟာ အံ့ဩဖွယ်ကောင်းတဲ့စိတ်ကြည်နူးမှုကိုပေးစွမ်းနိုင်ပါတယ်။ တွေးကြည့်လိုက်ပါ ခင်ဗျားအလုပ်ကနေတစ်နေကုန်ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ သန့်ရှင်းလတ်ဆတ်နေတဲ့အခန်းထဲကိုဝင်လိုက်တာနဲ့ ဘယ်လောက်တောင်စိတ်ချမ်းသာသွားလိမ့်မလဲ ဆိုတာ။ တကယ်လိုအခန်းတစ်ခန်းလုံးအတွက်အချိန်မရှိဘူး ဆိုရင်တောင် ဘုရားစင်ထဲက ဘုရားပန်းလေးလဲတာ သောက်တော်ရေလဲတာလေး နေ့စဉ်လုပ်ပေးမယ်ဆိုရင် သင့်ဘ၀အတွက် အေးချမ်းတဲ့နေရာတစ်ခု ဟာ သင့်အိမ်မှာနေ့စဉ်ရှိနေပါလိမ့်မယ်။📝9. If old memories still make you cry, write them down carefully and completely. 📝
အတိတ်ကအကြောင်းအရာတွေနဲ့မျက်ရည်ကျမိနေသေးရင် သေသေချာချာပြည့်ပြည့်စုံစုံ ရေးချပါ။
ဆုံးရှုးမှုဟာ လူသားတွေရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တိုချစ်တဲ့အရာတွေနဲ့ ခွဲခွာခဲ့ရတဲ့ ခက်ခဲတဲ့အချိန်တွေဟာ မေ့ပစ်ဖိုအရမ်းခက်ခဲပါတယ်( ဥပမာ မိသားစုဝင်တွေ တိရစ္ဆာန်လေးတွေ) ။ ဒီအရာတွေကို ကျွန်တော်တိုထပ်ခါတလဲလဲပြန်တွေးမိရင်း ဖြေသိမ့်မှုမရနိုင်ပဲ လိပ်ခဲတည်းလည်းဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာတ်ပါတယ်။ ကျွန်တော်တိုတွေ လွတ်မြောက်မှုနဲ့ဖြေသိမ့်မှုရရှိနိုင်ဖိုကအတွက် သူတိုနဲ့ ပက်သက်တဲ့ သတိရမှု လွမ်းဆွတ်မှုတွေကို စာရွက်တွေပေါ်မှာချရေးထားပြီး လိုအပ်တိုင်းထုတ်ဖတ်ပါ။သင့်ဘ၀ထဲမှာ သူတိုတွေအကောင်းဆုံးဖြစ်အောင်သူတိုကြိုးစားခဲ့ပြီးပါပြီ သူတိုတွေဂုဏ်ယူရအောင် ကြိုးစားဖိုက သင့်တာဝန်ပါ။💓10. Plan and work diligently to maintain the romance in your relationship.💓
အချစ်တွေဆက်လက်ရှင်သန်နေဖို အစီအစဉ်ချပြီး ကြိုးစားအားထုတ်ပါ။
ချစ်နေရင်ပြီးရော ဆိုတဲ့ စကားလုံးက တကယ့်လက်တွေ့ဘ၀နဲ့ ထပ်တူကျမနေပါဘူး။ အိမ်ထောင်ဖက်ဘ၀မှာ မိသားစုဘ၀မှာ ရေရှည်တည်မြဲနေဖိုအတွက်အားစိုက်ထုတ်မှုတွေ နားလည်မှုတွေ ရှိရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေနဲ့ လိုအင်တွေကို နားလည်သဘောပေါက်ပြီး လေးစားမှုအပြည့်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးနိုင်မှုဟာ ကြာရှည်တည်မြဲတဲ့ Relationship တစ်ခုကိုအားသစ်လောင်းစေပါတယ်။
အချစ်ရေးနဲ့ မိသားစုမှာ အဆင်ပြေမှုဟာ သင့်အောင်မြင်မှုဆီကို အမြန်ဆုံးရောက်အောင်တွန်းအားပေးနိုင်တဲ့ အစွမ်းအထက်ဆုံးသောအရာတစ်ခုလည်းဖြစ်တာကြောင့် ဒါကိုဂရုစိုက်ဖိုမလစ်ဟင်းမိပါစေနဲ့ ။💢11. Do not allow yourself to become resentful, deceitful, or arrogant. 💢
ကိုယ့်ကိုကိုယ် နာကြည်းမှု ၊ လှည့်စားမှု နဲ့ မာနထောင်လွှားမှုတိုရဲ့သားကောင်အဖြစ်မခံပါနဲ့
ဘ၀ရဲ့ ထိုးနှက်မှုတွေအများကြီးကို သင်ခံစားဖူးခဲ့ပြီးပါပြီ။ အောင်မြင်မှု၊ ကျရှုးမှု၊ နောက်ကျောဓားနဲ့အထိုးခံရမှု၊ ကွယ်ရာမှာအပုတ်ချခံရမှု စသည်ဖြင့်အခြေအနေအမျိုးမျိုးက သင့်ကို ဒီနေရာရောက်အောင် တွန်းပိုခဲ့တာမဟုတ်ပါလား။ အတိတ်ကအရာတွေကိုပြန်တွေးမိတဲ့အချိန်မှာ နာကြည်းမှု၊ ခံပြင်းမှုတွေနဲ့ မိမိကိုယ်ကိုယ်ပိတ်လှောင်မိနေခြင်းဟာ အဆိုးဝါးဆုံးသောအရာတစ်ခုဖြစ်ပါတယ်။ အရင်ကဖြစ်ခဲ့တဲ့အရာတွေကို လက်ခံလိုက်ပါ သူတိုဟာသင့်ကို ပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် သင်ခန်းစာတွေပေးခဲ့တာပါ။ ဒီသင်ခန်းစာတွေကိုပဲ ရင်ထဲမှာသိမ်းထားပြီးရှေ့ဆက်မယ့်လမ်းမှာ လက်နက်အဖြစ်အသုံးချပါ။🕊12. Be grateful in spite of your suffering. 🕊
သင့်ရဲ့ အခက်အခဲတွေနဲ့ နာကျင်မှုတွေကိုကျေးဇူးတင်ပါ
မီးပူပူထဲ အကြိမ်ပေါင်းများစွာဖြတ်သန်း၊ တူနဲ့ ထုရိုက်မှုပေါင်းမြောက်များစွာကိုမခံယူပဲနဲ့ ဓားကောင်းတစ်ချောင်းဖြစ်မလာသလို အခက်အခဲတွေကို မရင်ဆိုင်ပဲနဲ့လဲ လူတော်လူကောင်းတစ်ယောက်ဖြစ်မလာပါဘူး။ ကျွန်တော်တိုလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အခက်အခဲတွေ ဘယ်သူ့ကိုမှပြောပြလို နားမလည်နိင်လောက်တဲ့ ကိုယ်ကိုယ်တိုင်ပဲသိတဲ့ နာကျင်မှုတွေဟာ ကျွန်တော်တိုကို အကောင်းဆုံးသင်ခန်းစာတွေပေးခဲ့တာပါ။ဒါကြောင့် အခက်အခဲတွေထပ်ရင်ဆိုင်လာရရင် စိတ်ညစ်မယ့်အစားကျေးဇူးတင်ပါ။ ဘာလိုလဲဆိုတော့ သူတိုဟာ ကျွန်တော်တိုအတွက်အကောင်းဆုံးသင်ခန်းစာတွေထပ်ယူလာပေးတယ်ဆိုရင်လည်းမမှားပါဘူး။📔Beyond Order ဟာ ဘ၀ရဲ့ ရှုပ်ထွေးမှုတွေကို ခံနိုင်ရည်အပြည့်နဲ့ ခွန်အားရှိရှိရင်ဆိုင်နိုင်အောင် ညွှန်ပြပေးတဲ့ လမ်းပြမြေပုံတစ်ခုဆိုရင်လည်းမမှားပါဘူး။ လောကကြီးကကျွမ်းထိုးမှောက်ခုံဖြစ်နေတဲ့အချိန်မှာတောင် ကိုယ့်ဘ၀ကို ကျေနပ်ဖိုက ကိုယ့်မှာပဲတာဝန်ရှိတဲ့အကြောင်းကို Dr. Jordan Peterson က စာအုပ်ထဲမှာလှပစွာရှင်းပြထားပါတယ်။
သင့်ဘ၀အတွက် လိုအပ်တဲ့ Balance ကိုရှာဖွေဖို အသင့်ဖြစ်နေပြီဆိုရင်တော့ Beyond Order ကို Airplane Bookstore မှာ အဆင်သင့်မှာယူလိုရပါတယ်။ ဒီစာအုပ်ထဲကဘယ်နည်းတွေကိုသင်အသုံးချဖိုစဉ်းစားထားသလဲ? တခြားသူတွေလည်း ဒီလိုအသိဉာဏ်တွေတိုးပွားအောင် ဒီ Post လေးကို ကူ Share လိုက်ပါ။
Book Title – Beyond Order : 12 More Rules for Life
Author – Jordan Peterson
Price – 19,500 MMK -
Add to cart
▫ ကျွန်တော်တို့ ငယ်ရွယ်နေသေးတဲ့အချိန်မှာ၊ လမ်းပျောက်နေတဲ့ အချိန်မှာ၊ လမ်းကြောင်းတစ်ခုခုကို တစ်စိုက်မတ်မတ် လုပ်နေပြီးတော့မှ ဆက်မလုပ်ချင်တော့တဲ့အခါမှာ
▪ The Reason for Being Alive ! The Passion to Wake Up in the Morning !▫ ဟာ တနင်္လာနေ့ ရောက်ပြန်ပြီ။ အလုပ် ပြန်သွားရဦးမယ်။ အချိန်တွေ ဘယ်လို ကုန်လို့ ကုန်မှန်းကို မသိဘူး။ တကယ်တော့ တနင်္လာနေ့က ငြီးငွေ့ စရာကောင်းတာ မဟုတ်ပါဘူး။ ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတာက ငြီးငွေ့စရာကောင်းတာပါ။
▪ Where do you see yourself in the next 10 years ? Or 5 Years ? နောင် ၁၀ နှစ်မှာ ကိုယ့်ကိုယ်ကို ဘယ်နေရာမှာ ရောက်နေမယ်လို့ထင်လဲ။ ဘာအလုပ် လုပ်နေကြမှာလဲ။ လူ တော်တော်များများက မဖြေနိုင်ကြပါဘူး။ သူတို့မှာ Future Plan ဆိုတာ မရှိဘူး။ သူတို့ဘာလိုချင်လဲ ဆိုတာ မသိဘူး။ တစ်ချို့တွေက ကျတော့ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ တစ်ချို့ကတော့ ကြောက်ကြတယ်။
▫ ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဆယ်တန်းပြီးသွားတဲ့ အခါမှာ သူမက အမှတ်နဲ့ကိုက်ညီတဲ့ တက္ကသိုလ် တစ်ခုမှာ သွားတက်တယ်။ ဒီလိုနဲ့ပဲ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ပြီးတော့ သူမ ဒီကျောင်းနဲ့ပက်သက်ပြီးတော့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ သူမ စိတ်မဝင်စားဘူး။ ကျွန်တော် မေးကြည့်တာပေါ့။ ကျောင်းပြီးရင် ဘာဆက်လုပ်မလဲ။ ကျောင်းက ရတဲ့ဘွဲ့နဲ့အလုပ်တစ်ခုခု ဝင်လုပ်မှာပေါ့။ ကျွန်တော်မေးတယ်။ ဒါဆို နင် ဘာကို စိတ်ဝင်စားလဲ။ ငါ အစားအသောက်တွေကို လူတွေ စားချင်လာအောင် ချက်ပြုတ်ပြီး စားချင်ဖွယ်ဖြစ်အောင် အလှဆင်ပေးရတာ ကြိုက်တယ်။ ဒါပေမယ့်လည်း ……………
IKIGAI – Japanese Concept
〰 IKIGAI ဆိုတဲ့ သဘောတရားက မနက်တိုင်းကို နိုးထစေတဲ့ အရာ၊ ကိုယ် ဘာအတွက် အသက်ရှင်နေတာလဲ အမျိုးမျိုး ပြောကြတယ်။ IKIGAI ဟာ ကိုယ့်ဘဝရဲ့Career ကိုရွေးချယ်ရာမှာ ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့ IKIGAI ကို ရှာတွေ့ဖို့့အတွက် ကိုယ်ရွေးချယ်တဲ့ အရာဟာ ဒီ အချက်လေးချက်ထဲမှာ ပါဝင်နေရပါမယ်။
ပထမအဆင့်အနေနဲ့
1. Things you love to do
2. Things you are good at
3. Things you can get paid for
4. Things the world needsPassion
⚪ Passion ကတော့ ကိုယ်ချစ်မြတ်နိုးတဲ့ အရာ ( Things you love to do ) နဲ့ ကိုယ်တော်တဲ့ အရာ ( Things you are good at ) နှစ်ခု ကြားမှာ ရှိပါတယ်။ တစ်ချို့ညတွေ ကိုယ်စိတ်ဝင်စားတာတွေ လုပ်နေရင်းနဲ့ မိုးလင်းသွားတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ လုပ်နေရင်းနဲ့ကို ပျော်နေတော့တာ။ တစ်လောကလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး အလုပ်တစ်ခုထဲ မှာပဲ အာရုံရောက်နေတော့တာ ဖြစ်ပါတယ်။ ဒါကတော့ Career အတွက်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ဆန္ဒနဲ့ဘ၀ ထပ်တူကျတဲ့ အခြေအနေတစ်ခုပေါ့။
Profession⚫ Profession ကတော့ က်ိုယ် တကယ် ထူးချွန်တဲ့အရာ ( Things you are good at ) နဲ့ကိုယ့်အတွက် ပိုက်ဆံရမယ့် အလုပ် ( Things you can get paid for ) နှစ်ခုကြားမှာ ရှိပါတယ်။ ကိုယ်စိတ်ဝင်စားပြီး လုပ်ရတာ ပျော်နေရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တ်ို့တွေ ထမင်းစားဖို့၊ လူတွေကြားမှာ အသင့်အတင့် နေထ်ိုင်နိုင်ဖို့ ဒါတွေလဲ လိုအပ်ပါတယ်။ ဥပမာ ပန်းချီဆရာတစ်ယောက်ပေါ့။ ပန်းချီကို စိတ်ဝင်စားလို့ထမင်းမစား၊ ရေမသောက်ပဲ ပန်းချီပဲ ထိုင်ဆွဲနိုင်ပေမဲ့၊ ကြာလာရင် ပန်းချီဆွဲဖို့ဆေး၊ မှင် ဝယ်ဖို့အတွက်လိုလာမှာပါပဲ။
Vocation
⚪ ဒီအပိုင်းကတော့ ပတ်ဝန်းကျင်က လိုအပ်တဲ့ အရာ ( What the world needs ) နဲ့ကိုယ့်အတွက် ပိုက်ဆံရမယ့် အလုပ်( Things you can get paid for ) နှစ်ခု ပေါင်းထားတာပေါ့။ ကိုယ် စိတ်ဝင်စားတယ်၊ ချစ်မြတ်နိုးတယ်၊ ကိုယ့်အတွက် သင့်တင့်လျောက်ပတ်တဲ့ လစာတစ်ခုလဲ ရနေသေးတယ်။ အားလုံးအဆင်ပြေနေပြီပဲ။ ဘာလိုသေးလို့လဲ။ တစ်ချိန်က Steve Jobs ဟာ Pepsi CEO John Sculley ကို မင်း ဒီကုမ္ပဏီမှာ ဆက်လုပ်ပြ်ီး တစ်ဘဝလုံး သကြားရေ တွေပဲ ရောင်းချင်လား၊ သို့မဟုတ် ငါနဲ့လိုက်ပြီး ကမ္ဘာကြီးကို ပြောင်းလဲအကျိုးပြုချင်လား ဆိုပြီး ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့တယ်။Mission
⚫ နောက်တစ်ပိုင်းကတော့ Mission ပါ။ ကိုယ်ချစ်မြတ်နိုးတဲ့ အရာ ( Things you love to do ) နဲ့ကိုယ့် ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ အရာ ( What the world needs )။ ဥပမာ ပရဟိတ လုပ်ငန်းတွေကတော့ အကောင်းဆုံးပါပဲ။ ကိုယ်လုပ်တဲ့ အရာက ကြီးကြီးမားမား မဟုတ်ရင်တောင် ပတ်ဝန်းကျင်ကို ကောင်းကြိုး တစ်ခုခုဖြစ်စေနိုင်မယ် အလုပ်မျိုး ကို ပြောတာပါ။ ဥပမာ အားဖြင့် ကုမ္ပဏီကြီးတွေ လုပ်တဲ့ CSR Program တွေ။ သူတို့ဟာ ပရဟိတ လုပ်ငန်းတွေ လုပ်ပါတယ်။ ဒါပေမယ့် သူတို့့ကုမ္ပဏီ နာမည်ရဖို့အတွက်လည်း လုပ်ပါတယ်။⚫ တစ်ခါတုန်းက ဂျပန်နိုင်ငံ၊ OSAKA မြို့အနီးမှာ အသက်ကြီးကြီး အဘွား တစ်ယောက်ရှိတယ်။ တစ်နေ့ကျတော့ သူမ ဝိညာဉ်မျှောနေချိန်မှာ အပိုင်းအခြားတစ်ခုကို ရောက်နေတာကို သတိထားမိတယ်။ အဲ့အချိန်မှာ အသံတစ်ခု ထွက်လာပြီး သူမကို မေးတယ်။ WHO YOU ARE ? ကျွန်မက OSAKA မြို့အုပ်ရဲ့ မိန်းမပါ။ ထပ်မေးတယ် WHO YOU ARE ? ကျွန်မက ကလေးလေးယောက်ရဲ့မိခင်ပါ။ ထပ်မေးတယ် WHO YOU ARE ? ကျွန်မက ဆရာမတစ်ယောက်ပါ။ ဘယ်လိုဖြေဖြေ အဖြေမှန်ကို မရောက်နိုင်ဘူး။ နောက်ဆုံးကျတော့ ကျွန်မက မနက်တိုင်းကို ကျွန်မ မိသားစုကို စောင့်ရှောက်ပြီး ကျောင်းမှာ ငယ်ရွယ်တဲ့ ကလေးတွေကို ဂရုစိုက်ပျိုးထောင်ပေးရတဲ့ သူပါလို့ ဖြေလိုက်တယ်။ အဲ့အဖြေဖြေပြီးနောက် သူမ ပြန်သတိရလာတယ်။ ( ဒီ story လေးဟာ IKIGAI စာအုပ်က story လေးပါ။ )
➰ နောက်ဆုံးအနေနဲ့ကျွန်တော်တို့ငယ်ရွယ်နေသေးတဲ့့အချိန်မှာ၊ လမ်းပျောက်နေတဲ့ အချိန်မှာ၊ လမ်းကြောင်းတစ်ခုခုကို တစ်စိုက်မတ်မတ် လုပ်နေပြီးတော့မှ ဆက်မလုပ်ချင်တော့တဲ့ အခါမှာ ကိုယ့်ဘဝရဲ့IKIGAI ( The Sweet Spot ) ကို ရှာပါ။ PASSION, PROFESSION, VOCATION, MISSION လေးခုလုံးနဲ့သက်ဆိုင်တဲ့လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းပါ။ ပျော်ရွင်မှုတွေ၊ အောင်မြင်မှု အပြည့်ရှိနေတဲ့ လမ်းကြောင်းလေး ဖြစ်မှာပါ။
#S_Austin
#BookLovers #Airplane #PersonalDevelopment #BookRecommendation #ikigaiTitle – IKIGAI , The Japanese secret to a long and happy Life
Author – Héctor García and Francesc Miralles
Price – 19,500 ( Premium ++ Quality, Hardcover, Creamy Paper) -
Add to cart
အစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်ဖို့ 7 Habits of Highly Effective People စာအုပ်ထဲက အလေ့အကျင့် ၇ခု
1️⃣ ကြိုတင်ပြင်ဆင်မှုအမြဲရှိပါ
ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အရာတွေအားလုံးအတွက်ကို အဆင်သင့်ဖြစ်အောင်အမြဲကြိုးစားပါ၊ ကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေကို တွေးပူနေမဲ့အစား ဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတာကို စဉ်းစားထားပါ။2️⃣ အလုပ်စလုပ်ကတည်းကနောက်ဆုံးအထိတွေးပါ
ကိုယ်လိုချင်တဲ့အရာကဘာလဲ ? အဲ့ဒါကိုရဖို့ဘယ်လောက်ထိအလုပ်လုပ်မလဲ ? ဘယ်အရာကကိုယ့်ကိုအောင်မြင်ပြီလို့သတ်မှတ်မလဲ ? ကိုယ်ဖြစ်ချင်တာကဘာလဲ ? စတဲ့အရာတွေကို အလုပ်တစ်ခုစလုပ်ကတည်းကအရင်ဆုံးတွေးပါ။3️⃣ အရေးပါတဲ့အရာတွေကိုပထမဆုံးနေရာမှာထားပါ
အရေးပါတဲ့အရာနဲ့ ချက်ချင်းလုပ်ရမဲ့အရာ ( Important Vs Urgent ) ဟာမတူပါဘူး။ အရေးပါတဲ့အရာတွေခေါင်းထဲမှာရှိနေရက်နဲ့ အခြေအနေနဲ့အချိန်အခါကြောင့် ချက်ချင်းလုပ်ရမဲ့အရာတွေကို ရုတ်တရက်ဦးစားပေးမိသွားတတ်ပါတယ်။ Urgent ဖြစ်တဲ့အရာတိုင်းကို အမြဲချက်ချင်းတုံ့ပြန်ခြင်းဟာ ကျွန်တော်တို့တကယ်သွားရမဲ့ ပန်းတိုင်ကိုနှောင့်နှေးသွားစေတတ်ပါတယ်။4️⃣ နှစ်ဘက်လုံး အနိုင်ရစေမယ့်အတွေးတွေကိုတွေးပါ
သူငယ်ချင်း မိတ်ဆွေတွေနဲ့ဖြစ်စေ ၊ မိသားစုနဲ့ဖြစ်စေ ၊ စီးပွားရေးမိတ်ဖက်တွေနဲ့ဖြစ်စေ နှစ်ဦးနှစ်ဖက်လုံး အမြဲအဆင်ပြေစေမယ့်နည်းလမ်းတွေကိုတွေးပါ။
အတူတကွအကျိုးဖြစ်ထွန်းစေခြင်းဟာ ရေရှည်အကျိုးတည်တံ့မှုနဲ့တိုက်ရိုက်အချိုးကျပြီး ခင်မင်တဲ့အပေါင်းအသင်း Network ပိုမိုတိုးပွားလာပါလိမ့်မယ်။5️⃣ နားထောင်ဖို့အရင်ကြိုးစားပါ ပြီးမှနားလည်ဖို့လုပ်ပါ
သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်က အခက်အခဲတစ်ခုကိုရင်ဖွင့်တာကြုံတိုင်းကျွန်တော်တို့ပထမဆုံးလုပ်တာက အကြံပေးဖို့ပါပဲ။ တကယ်လုပ်သင့်တာက အရင်နားထောင်ပါ၊ ပြီးရင်သူ့အခက်အခဲကိုနားလည်ဖို့ကြိုးစားပါ။ လူအများစုကအကြံဉာဏ်တွေထက် သူတို့ရဲ့ပြသနာကိုနားလည်သဘောပေါက်အောင် သေသေချာချာနားထောင်ခြင်းကိုပိုလိုလားပါတယ်။6️⃣ ပူးပေါင်းဆောင်ရွက်ပါ
ဦးနှောက်နှစ်ခု ဟာဦးနှောက်တစ်ခုထက်အမြဲပိုကောင်းပါတယ်။ ကိုယ်နဲ့ရင်းနှိးတဲ့မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အရာတွေကိုအမြဲစဉ်းစားပြီးတိုင်ပင်ပါ။ တစ်ယောက်အားနှင့်ရွေ့သော်မရ တစ်သောင်းအားနှင့်ရွေ့သော်ရသည် ဆိုတဲ့စကားပုံရှိတယ်မဟုတ်လား။7️⃣ အသိပညာဓားသွားကို ထက်နေအောင်အမြဲသွေးပါ
လောကကြီးက အမြဲတိုးတက်ပြောင်းလဲနေသလို အသိပညာတွေကလည်းစဉ်ဆက်မပြတ်အမြဲတိုးတက်နေပါတယ်။ကိုယ်သိသလောက်နဲ့ဘယ်တော့မှမရပ်လိုက်ပါနဲ့။ မိမိရဲ့ စိတ်၊ခန္တာ၊ခံစားချက်တွေကို တိုးတက်ပြောင်းလဲစေနိုင်မယ့် အရာတွေကိုအဆက်မပြတ်လေ့လာသင်ယူပါ။ -
Add to cart
🏢 ဝန်ထမ်းဘဝကို ငြီးငွေ့နေပြီလား။ ကိုယ်ဝါသနာပါတဲ့အရာနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်ချင်နေပြီလား။ သိုသော်လည်း မစွန့်စားရဲမှု၊ ငွေကြေးမလုံလောက်မှု၊ အခြားခြားသောအကြောင်းပြချက်တွေနဲ့ နှောင့်နှေးနေတုန်းပဲလား။
📙 The $100 Startup စာအုပ်က သင့်ကို 9 to 5 ဝန်ထမ်းဘဝကနေလွတ်အောင် သင့်ရဲ့ passion, skill ပေါင်းစပ်ပြီး ဒေါ်လာ၁၀၀ ဝန်းကျင် အရင်းအနှီးလောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းအသေးစားတည်ထောင်နိုင်အောင် ပြောပြပေးမှာပါ။
“Plans are only good intentions unless they immediately degenerate into hard work.”
– Chris Guillabeau📚 The $100 Startup စာအုပ်က Chris Guillebeau ရဲ့ ဒုတိယမြောက်စာအုပ်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ဖိုအတွက် ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။ အရင်းအနှီး ဒေါ်လာ ၁၀၀ ဝန်းကျင်လောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ပြီး ငွေများများရှာခဲ့တဲ့ လူ ၁၅၀၀ ရဲ့အကြောင်းများအနက် စိတ်ဝင်စားစရာအကောင်းဆုံး case အခု ၅၀ ကို ယခုစာအုပ်မှာ ထုတ်နုတ်ထားပါတယ်။
📃 သူ့ရဲ့case study တွေအရ Chris က သင်ဆိုဖာပေါ်ကနေပဲ သင့်ရဲ့ passion, skill တွေနဲ့ income ရှာဖွေနိုင်တဲ့ step-by-step framework ကို ယခုစာအုပ်မှာ တင်ပြထားပါတယ်။ သင်စတင်နိုင်ဖို ဒီစာအုပ်ကနေရမယ့်သင်ခန်းစာတွေထဲက (၃)ခု ဖော်ပြလိုက်ပါတယ်။
◾️ ပထမတစ်ခုက passion က equation ရဲ့သုံးပုံတစ်ပုံပဲရှိပါသေးတယ်။ သင် skill တွေရယ်၊ customer တွေ လိုပါသေးတယ်။ ကိုယ့်မှာရှိတဲ့ skill တွေနှင့် ကိုယ့် passion ကိုက်ညီမှုရှိရပါမယ်။ ပြီးတော့အဲ့ skill တွေနဲ့ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။ နောက်တော့ customer တွေ သင့်ကို ဒီအတွက်ငွေပေးသွားမှာပါ။
◾️ ဒုတိယတစ်ခုက low cost မှာ အာရုံစိုက်ပြီး သင့်ရဲ့ဝါသနာကို အမြတ်ရှိတဲ့လုပ်ငန်းတစ်ခု တည်ထောင်ရမယ်။ တစ်ယောက်ယောက်က ငွေမပေးချေသရွေ့တော့ သင့်ရဲ့ passion business က ဝါသနာအနေနဲ့ပဲရှိပါသေးတယ်။ သင့်အနေနဲ့ လုပ်ငန်းရဲ့ funding, income ကိုမြှင့်ပြီး cost ကို လျှော့ချနိုင်အောင် ကြိုးစားနေရမှာပါ။
◾️ တတိယတစ်ခုက action always beats planning ပါ။ ဒါကြောင့် သင့် plan တွေကို အတတ်နိုင်ဆုံး simple ဖြစ်အောင်လုပ်ပါ။ သင့်ရဲ့business plan ကို စာရွက်တစ်ရွက်ထဲနဲ့ပြီးအောင် အတတ်နိုင်ဆုံးအရိုးရှင်းဆုံး ပြုလုပ်ပါ။ သင်ဘာကိုရောင်းမှာလဲ၊ ဘယ်သူ့ကိုလဲ၊ သူတိုက သင့်ပစ္စည်းကိုဘာကြောင့်ဝယ်ယူရမှာလဲ၊ ပြီးတော့သင်ဘယ်လိုငွေပေးချေခံရမလဲ စတဲ့အရာတွေမှာ အာရုံစိုက်ပြီး မေးခွန်းတွေထုတ်ပါ။ဥပမာ- ကိုယ်က မွေးခါစကလေးငယ်တွေနဲ့ အလုပ်မအားလပ်တဲ့ single mom တွေကို ဒီအချိန်အခိုက်အတွင်းမှာ သူတိုကိုယ်အလေးချိန်ကို ထိန်းသိမ်းလျော့ချနိုင်အောင် custom diet plans တွေကို တစ်လ ဒေါ်လာ၅၀ နဲ့ PayPal payment နဲ့ ရောင်းမယ်ပေါ့။
❔ ဘယ်သူတွေဖတ်သင့်လဲ။
✔️ ငယ်စဉ်ကတည်းက တစ်ခုခုကို စတင်တည်ထောင်ချင်တဲ့လူငယ်တွေ၊
✔️ ဝန်ထမ်းဘဝကို စိတ်ကုန်နေပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ချင်သော်လည်း စွန့်စားရမှာမလိုလားသူတွေ၊
✔️ side project ကိုလုပ်ဖို စီစဉ်နေပြီး အလုပ်မဖြစ်သေးသူတွေ ဖတ်သင့်ပါတယ်။“Thoughtful, funny, and compulsively readable, this guide shows how ordinary people can build solid livings, with independence and purpose, on their own terms”
– Gretchen RubinTitle- The 100$ Startup
Author- Chris Guillebeau
Price – 21,500 MMK (Premium++ Quality, Hard Cover, Creamy Paper)







Reviews
There are no reviews yet.